NEWS

မိခင်​လောင်းတဦးအား မအူပင်ရဲစခန်းက ရိုက်နှက်သတ်ဖြတ်မှု့ အပါအဝင် နိုဝင်ဘာ ၁၃ ရက် သတင်းများ စုစည်းမှု

CoverLogo
1.5K Views

မြန်မာပြည်သူတွေအနေနဲ့ မန့က်ခင်းမှာ ထိတ်လန့်တကြားနဲ့ ညဖက်ဆိုလဲကျီးလန့်စာစား​နေရသလို ဖက်ဆစ်တပ်နဲ့ရဲတွေရဲ့ချိန်းခြောက်မှု့ဒဏ်တွေခံနေရတာ ၉ လနီးနီးရှိပြီလို့ဆိုရမှာပါ။

ဒီကနေ့နိုဝင်ဘာ ၁၃ ရက်နေ့မနက်ခင်းကနဦးသတင်းမှာတော့ကိုယ်ဝန်​ဆောင်သည် မတင်လင်းမော်ရဲ့ထိတ်လန့်ဖွယ်အဖြစ်ဆိုးကြီးကပြည်သူလူထုတွေကို ဝမ်းနည်းထိတ်လန့်စေခဲ့တယ်လို့ဆိုရမှာပါ။

-ဖြစ်စဥ်ကဧရာဝတီတိုင်းမအူပင်မြို့နယ်ကထွေအုပ်ဒုဦးစီးဆိုသူရဲ့နေအိမ်မှာရွှေနဲ့အတွင်းပစ္စည်းတွေပျောက်တာကစတာပါ။အဲ့ဒီမှာအလုပ်အလုပ်တဲ့မတင်လင်းမော်ကိုယိုးစွပ်ပြီးဖမ်းခိုင်းပါတယ်။

ရဲကမတင်လင်းမော်တင်မက သူ့ယောကျာ်းပါဖမ်းတယ်။ပြီးတော့စခန်းရောက်တာနဲ့ရဲမှန်သမျှမတင်လင်းမော်နဲ့သူ့ယောကျာ်းကိုဘီလူးသရဲစီးသလိုနှိပ်စက်ပါတယ်။

ဖမ်းသွားတာ ၉ ရက်နေ့က ၁၂ ရက်နေ့မှာသေတယ်ကြားထဲမှာဗိုက်ထဲကကိုယ်ဝန်တဖက်နဲ့မရှု့မလှနှိပ်စက်ခံရတဲ့အခြေအနေပါ။ဒီကနေ့မနက်အလောင်းရလာတဲ့အတွက်ဓါတ်ပုံတွေလူမှု့ကွန်ယက်ပေါ်မှာတက်လာတဲ့အချိန်မှာမတင်လင်းမော်ရဲ့မသေခင်ရရှိခဲ့တဲ့ဒဏ်ရာတွေဟာတော်တော့်ကိုလူမဆန်စွာညှဥ်းပန်းနှိပ်စက်ထားတယ်လို့ဆိုရမှာပါ။

မတင်လင်းမော်ရဲ့အမျိုးသားကပြန်လွတ်လာပေမယ့်မျက်နှာကဓါးနဲ့မွှန်းထားလို့ ဖွာထွက်နေတဲ့အထိနှိပ်စက်ခံထားရတယ်လို့နီးစပ်သူတွေကဆိုပါတယ်။

ဒီကိစ္စကိုမဖုံးနိုင်မဖိနိုင်တော့မှဧရာဝတီတိုင်းရဲ့ဖက်ဆစ်ရဲတပ်ရုံးကမတင်လင်းမော်ကိစ္စမှာပါဝင်တဲ့ရဲတွေကိုအရေးယူမယ်လို့သတင်းတွေသဲ့သဲ့လွှင့်လာပါတယ်။ဟုတ်မဟုတ်တော့အတည်မပြုနိုင်သေးပါဘူး။


-စစ်ရေးသတင်းတွေအနေနဲ့ကတော့စစ်ကိုင်းမှာစစ်ကောင်စီတပ်တွေသေတာကြမ်းပါတယ်။

ရေစကြိုပခန်းငယ်ရဲစခန်းကို PDF လေးဖွဲ့ဝင်မပါတယ်။ရဲတွေဒဏ်ရာဗလပွနဲ့ထွက်ပြေးတယ်လို့ သိရပါတယ်။

ကလေး-ဂန်ဂေါကားလမ်းအတိုင်းတက်လာတဲ့စစ်ကောင်စီတပ်တွေကိုဗိုလ်နဂါးနဲ့ရဲဘော်မောင်ဝေဦးဆောင်တဲ့၂ဖွဲ့ကမိုင်းဆွဲတဲ့အပြင်လက်နက်ကြီးနဲ့ပါသမလို့စစ်ကောင်စီတပ်က၅၀လောက်ကြွတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာခံနေရတဲ့စစ်ကောင်စီတပ်တွေဟာလက်နက်မဲ့ပြည်သူတွေကိုရရာနည်းနဲ့ဒုက္ခပြန် ပေးပါတယ်။ကောလင်းမှာစစ်ကောင်စီတပ်တွေပစ်သတ်သွားတဲ့အသက် ၁၅ နှစ်အရွယ်မောင်ကောင်ဇော်ငြိမ်း၊ မောင်ဟိန်းခန့်ပိုင်အပါအဝင်ပြည်သူ၇ဦးရဲ့ရုပ်အလောင်းကိုဒီကနေ့ပဲဒေသခံတွေကပြန်ရှာတွေ့ပါတယ်။သေဆုံးသူတွေဟာဥက္ကံရွာက၂ယောက်နဲ့ချောင်းနားရွာက ၅ ယောက်လို့ဆိုပါတယ်။

ဝက်လက်မြို့နယ်ထဲအရှေ့ထုံးဘိုရွာကိုတော့ဒီကနေ့မနက်မှာပဲစစ်ကောင်စီတပ်တွေဝင်စီးပြီးပြည်သူ၂ဦးကိုသတ်ဖြတ်တဲ့အပြင်ရွာကဆိုင်ကယ်၂၁ကိုပါခိုးယူသွားပါတယ်။

-ဒီကနေ့အတွက်တော့စစ်အာဏာရူးဆန့်ကျင်ရေးလူငယ်သပိတ်တွေကတော့မန္တလေးရန်ကုန်နဲ့အနယ်နယ်အရပ်ရပ်မှာ ​ပြောက်ကျားတိုက်စစ်နဲ့အားကောင်းမောင်းသန်ဖော်ထုတ်နေကြဆဲပါ။

-ရန်ကုန်ကလှိုင်သာယာဖက်မှာတော့နေ့လည်ခင်းမှာအလယ်ရွာကရာအိမ်မှူးတင်စိုးပစ်ခတ်ခံရလို့သေပါတယ်။ဒလံလို့နာမည်ထွက်နေသူလို့ဆိုပါတယ်။

ညနေပိုင်းမှာတော့ အနော်ရထာလမ်းမပေါ် စစ်ကောင်စီတပ်စွဲထားသည့် မီတာရုံးအနီး ဗုံး ၂လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မြောက်ဒဂုံမှာလဲကနေ့ညဗုံး၂လုံး၄၂ရပ်ကွက်မှာကွဲပြီးပစ်ခတ်သံတွေကြားရပါတယ်လို့ဒေသခံတွေဖက်ကသတင်းတွေဖော်ပြထားပါတယ်။

ဒီက​နေ့မှာ​တော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် Kachin Political Interim Coordination Team (KPICT) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ CRPH ကသတင်းထုတ်ပြန်ပါတယ်။

ဒါကတော့ ဒီကနေ့ Myanmar Labour Newsရဲ့တနေ့တာသတင်းအကျဥ်းချုပ်ပါ...။


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026