NEWS

မန္တလေးမှာသပိတ်ဝန်းရံသူများစီးနင်းလာတဲ့ဆိုင်ကယ်ကိုစစ်တပ်ကအရပ်သားကားဖြင့်ဝင်တိုက်ဖမ်းဆီးလို့အမျိုးသမီးငယ်တဦးဖမ်းဆီးခံထားရ

CoverLogo
1.4K Views

မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်း ပြုလုပ်မယ့် အရုဏ်ဦးသပိတ်ကို လာရောက်ပူးပေါင်းတဲ့  လူငယ် ၃ ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအရပ်သားကားဖြင့် ဝင်တိုက်ဖမ်းဆီးခဲ့တာကြောင့် ရတနာပုံတက္ကသိုလ်ကျောင်းသူတဦးဖြစ်တဲ့မခိုင်ဇင်ဖူးဆိုသူ အမျိုးသမီးတစ်ဦးငယ်တဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ကော်မတီဝင်များထံမှသိရပါတယ်။

၆၃ လမ်းနဲ့ ၃၀ လမ်းမအနီး မှာပဲဒီကနေ့မနက် (၅)နာရီခွဲအချိန်ကစစ်တပ်ကအရပ်သားအိမ်စီးကားအသုံးပြုပြီးအရပ်ဝတ်တွေနဲ့ပါ ဝင်တိုက် ဖမ်းဆီးသွားခြင်း ဖြစ်တယ်လို့သိရပါတယ်။

"ဝင်တိုက်တာလဲအိမ်စီးကားနဲ့ဖမ်းတဲ့ကောင်တွေကလဲအရပ်ဝတ်နဲ့လက်နက်နဲ့တိုက်ခံရတာအရှိန်ပြင်းတော့ဆိုင်ကယ်လဲသွားတဲ့အချိန်မှာနောက်ကနှစ်ယောက်ကပြေးလို့လွတ်သွားတယ်ခုဖမ်းခံရတဲ့ညီမလေးကဆိုင်ကယ်ကပိနေတော့မပြေးနိုင်ပဲအဖမ်းခံလိုက်ရတာ " လို့မန္တလေးသပိတ်ကော်မတီဝင်တဦးကပြောပါတယ်။

အဆိုပါဖမ်းဆီးမှု့ပြီးတဲ့နောက်မှာပဲ သပိတ်လူငယ်များနေထိုင်ရာ Safe House ကိုလည်း စစ်ကား (၁၀)စီးဖြင့် ဝင်ရောက်စီးနင်းပြီးတော့ နေအိမ်မှာရှိတဲ့ပရိဘောဂနဲ့ခုံအစရှိတဲ့  ပစ္စည်းများကို ကားပေါ်တင်ပြီးယူဆောင်သွားတယ်လို့လဲသိရပါတယ်။

Safe House ဝင်စီးခံရချိန်မှာတော့ဖမ်းဆီးခံရသူတဦးမှမရှိခဲ့ဖူးလို့သပိတ်ကော်မတီဝင်တွေကဆိုပါတယ်။

လွန်ခဲ့တဲ့ဒီဇင်ဘာ ၅ ရက်နေ့ကလဲရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်ပန်းပင်ပြီးလမ်းမှာပြုလုပ်တဲ့ရန်ကုန်လူထုသပိတ်ကိုစစ်တပ်ကကားနဲ့ဝင်ရောက်တိုက်ပြီးပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက်သပိတ်လူငယ်တွေသေဆုံးခဲ့ပါတယ်။


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026