NEWS

မန္တလေးငလျင်ဒဏ်သင့် ပြည်သူများ မီတာခပေးဆောင်ရမည်

CoverLogo
524 Views
 
ငလျင်ဒဏ်ခံရတဲ့ဒေသတွေက လျှပ်စစ်မီတာသုံးဆွဲသူ ပြည်သူတွေအနေနဲ့ သတ်မှတ်ရက်အတိုင်း မီတာခ ပေးဆောင်ရမှာဖြစ်တယ်လို့ မန္တလေးမြို့၊ မြို့နယ်လျှပ်စစ်ရုံးတွေက ထုတ်ပြန်ထားပါတယ်။
“ မန္တလေးမှာ ငလျင်ကြောင့် ပျက်ဆီးတဲ့ အဆောက်အဦးတွေ အများကြီး။ အဲဒီ ပျက်ဆီးနေတဲ့ အဆောက်အဦး တွေရဲ့ မီတာ စာရွက် ထွက်နေပြီ။ ငလျင်ဘေးဒဏ်ခံရလည်း မီတာဆောင်ရမယ်။ အဆောက်ဦး ပြိုတာ မပြိုတာမပြောနဲ့ မီတာကတော့ ဆောင်ရမယ်။ ခုလဆောင်ဖို့ စာရွက် မရှိရင် နောက်လသတ်မှတ်ရက်အတိုင်း ပေါင်းပြီး ဆောင်ရမယ်။ ရက်ကျော် ဒဏ်ကြေး ပေးရမပေးရတော့ မသိဘူး။” လို့ မန္တလေးမြို့ဒေသခံတဦးက ပြောပါတယ်။
မြို့နယ်လျှပ်စစ်ရုံတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ငလျင်ဘေးကြောင့် လျှပ်စစ်မီတာပျက်ဆီးမှုမရှိတဲ့ လျှပ်စစ် သုံးဆွဲသူက မီတာစာရွက်ပေါ်က နောက်ဆုံးပေးဆောင်ရမဲ့ သတ်မှတ် ရက်အတိုင်း ပေးဆောင်ဖို့၊ ပျက်ဆီးမှုရှိတဲ့ အဆောက်အဦးတွေက လျှပ်စစ်မီးသုံးဆွဲသူတွေကတော့ ၄/၂၀၂၅ နဲ့ ၃/၂၀၂၅ အတွက် မီတာခတွေကို သတ်မှတ် နောက်ဆုံးရက်များအတိုင်းပေးဆောင်ဖို့ ပါရှိပါတယ်။ ဒီ မီတာခတွေကို မေလ ၁ ရက်က စတင် ပေးဆောင်နိုင်ပြိး မီတာ ဖတ်မရအောင်ပျက်စီးပါက မြို့နယ် လျှပ်စစ်မန်နေဂျာ တယ်လီဖုန်းတွေဆီ ဆက်သွယ်ဖို့လည်း ပါဝင် ပါတယ်။
“ကျွန်မတို မုံရွာဘက်ရောက်နေတယ်။ မီတာစာရွက်လည်း ပေးမပေး မသိဘူး။ ဆောင်ဖို့လည်းအဲ လောက် အရေးမကြီးဘူး ထင်တယ်။ မိသားစု ရှေ့ဆက် ဘယ်လိုလုပ်ရမလဲ ဆိုတာထက် အခုက မီတာက ပို အရေးပါ နေတယ်။” ငလျင်ဘေးသင့် ကြောင့် ပြောင်းရွှေ့နေထိုင်သူ တစ်ဦးက ပြောပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နိုင်ငံအတွင်းက လူနေအိမ် စုစုပေါင်း ၆ သောင်းကျော်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃,၅၁၄၊ စာသင်ကျောင်း ၂,၃၆၆ ထိခိုက်ပျက်စီး ခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ကိုဗစ်ကပ်ဘေးမှာတော့ နိုင်ငံတဝှမ်းက လျှပ်စစ်မီးသုံးစွဲသူတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ က မီတာအလိုက် သက်သာ ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026