NEWS

မဂ်လာဒုံမြို့နယ်အတွင်းစစ်သားနှင့်ပျူစောထီးများက လယ်ယာမြေများကိုအဓမ္မသိမ်းပိုက်ပြီးအကွက်ရိုက်ရောင်းချဖို့ကြိုးစားနေ

CoverLogo
758 Views

ရန်ကုန်တိုင်း မဂ်လာဒုံမြို့နယ်သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု၊ ရွှေနံ့သာကျေးရွာအုပ်စုအတွင်းရှိပေါင်းငူ၊ ဥာဏပုလဲနှင့်ဇေကမ္ဘာအုပ်စုဝင်းနှင့်ဆက်စပ်မြေနေရာတွေကိုစစ်ကောင်စီရဲ့အာဏာပိုင်တွေအပါအဝင်စစ်သားနှင့်ပျူစောထီးတို့ကအဓမ္မသိမ်းယူပြီးအကွက်ရိုက်ရောင်းချဖို့ပြင်ဆင်နေတယ်လို့မဂ်လာဒုံအမျိုးသားအစည်းအရုံး MNU ကယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။

အဆိုပါလယ်မြေတွေဟာဒေသခံလယ်သမားတွေပိုင်ဆိုင်တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်ထဲကအဓမ္မသိမ်းယူဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လယ်ပိုင်ရှင်တွေရဲ့ကန့်ကွက်မှု့ကြောင့်ရပ်တန့်ခဲ့ပေမယ့်ယခုအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာရဲ၊ စစ်သား၊ပျူစောထီးတွေနဲ့ဒီဇင်ဘာ ၁၅ ရက်နေ့လောက်မှာစတင်ပြီးအဓမ္မသိမ်းယူအကွက်ရိုက်ပြီးရောင်းချဖို့ကြိုးစားနေတာဖြစ်တယ်လို့ MNU ကဆိုပါတယ်။

အထက်ပါအဓမ္မအသိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်၍ မင်္ဂလာဒုံအမျိုးသားအစည်းအရုံး - MNU ၏ သဘောထားထုတ်ပြန်ချက်ထဲမှာ-
၎င်းအကွက်ရိုက်မြေနေရာများအား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေဝယ်ယူခြင်းအလျှင်းမလုပ်ဆောင်ကြရန်၊ ဝယ်ယူထားသောသူများအားလည်း နောက်တချိန်တွင်မည်သို့မျှအာမခံချက်ပေးမည်မဟုတ်ဘဲ ၎င်းမြေနေရာမှ ဖယ်ရှားပေးရမည်ဖြစ်သည်၊MNU သည် နစ်နာသူများနှင့်အတူ ရပ်တည်ပြီး ဤသဘောထားသည်လည်း စစ်မှန်သော တရားဥပဒေ၏ သက်သေဖြစ်စေမည်လို့ဖော်ပြပါရှိပါတယ်။

ဓါတ်ပုံ-  CJ


Related posts

Cover
လျှပ်စစ်မီးပြတ်တောက်မှုပိုများလာတာကြောင့်စက်မှု လက်မှု နှင့် တစ်နိုင်တပိုင်လုပ်ငန်းများရပ်တည်ရန်ခက်ခဲလာ
Apr 27, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
Facebook account များ ပြန်လည်အသုံးပြုနိုင်
Mar 05, 2024
Cover
Facebook account များအသုံးပြုမရဖြစ်နေ
Mar 05, 2024
Cover
ဝန်ကြီးဌာန တရားစွဲဆိုထားတဲ့ W & F Group အထည်ချုပ် စက်ရုံ အချိန်ပို ပြန်လည် ခေါ်ယူနေ
Aug 16, 2023
Cover
ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ် ဖမ်းဆီး သိမ်းယူမှုများကြောင့် ကယ်ရီသမားများ အလုပ်လက်မဲ့ဖြစ်၊ သွားလာရခက်ခဲလာ
Jul 03, 2023
Cover
Pepsi စက်ရုံကအလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေကြောင့် Boycott အဖြစ်သတ်မှတ်
Jun 12, 2023