NEWS

ဘားအံအကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၂ ဦး ရိုက်နှက်တိုက်ပိတ်ခံရကာ ၁ ဦးသေဆုံးဘားအံအကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၂ ဦး ရိုက်နှက်တိုက်ပိတ်ခံရကာ ၁ ဦးသေဆုံး

CoverLogo
210 Views
 
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၁၂ဦး ကို ရိုက်နှက်တိုက်ပိတ်တဲ့ အတွက် ၎င်းနိုင်ငံရေးအကျဉ်းသားတွေထဲက တစ်ဦးသေဆုံးသွား တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
၂၀၂၅ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ဘားအံအကျဉ်းထောင်ရှိ ကြိုးကြာဆောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ဦး ကို ထောင်အာဏာပိုင်တွေက အဓမ္မခေါ်ယူ ရိုက်နှက်ကာခြေကျင်းခတ်ပြီး ၃လ တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား တွေက ထောင်ပိုင်မှ အကျဉ်းထောင်အတွင်း လာရောက်စစ်ဆေးချိန်တွင် အကျဉ်းထောင် အတွင်း အစားသောက်အဆင်မပြေမှုများ အာဟာရပြည့်၀အောင်မကျွေးခြင်းနဲ့ အလုပ်ခိုင်းစေခြင်းစတာ တွေ တင်ပြခဲ့တဲ့ အတွက် အခုလို နှိပ်စက်ညှင်းပန်းခံရတာဖြစ်တယ်လို့သိရပါတယ်။
 
၎င်းနိုင်ငံရေးအကျဉ်းသားတွေ ကို တိုက်ပိတ်တဲ့နေရာ ကို ခေါ်ဆောင်လာချိန်မှာရိုက်နှက်တဲ့ အပြင် တိုက်ပိတ်ခံရတဲ့ နေရာ အတွင်း သို့လည်းဝင်ရောက် ရိုက်နှက်တဲ့ အတွက် ဇူလိုင်လ ၁၃ ရက် နေ့မှာ နိုင်ငံရေးအကျဉ်းသား ကိုဉာဏ်မင်းထွန်း အသက်ဆုံးပါးသွားပြီး အခြားနိုင်ငံရေးအကျဉ်းသားတွေမှာလည်း ထိခိုက်ဒဏ်ရာများစွာရရှိ ထားတယ်လို့သိရပါတယ်။
 
လက်ရှိမှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ထောင်အာဏာပိုင်များရဲ့ ရိုက်နှက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အပြင် နိုင်ငံရေးအကျဉ်းသား ကိုဇော်ဝင်းအောင် (ခ) ကိုဂျက်အား တစ်လကျော်ကြာသည်အထိ နေ့စဉ် ခေါ်ယူရိုက်နှက်တာကြောင့် မိမိကိုယ်ကို သတ်သေလိုသည်အထိ စိတ်ပိုင်းဆိုင်ရာ ဆိုးရွားနေတယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် ဘားအံထောင်မှ တစ်ပွင့် အရာရှိ အောင်ရဲနိုင် (ခ) ရခိုင်ဟာ ဘားအံထောင်အတွင်းမှ သတင်းများ ပြင်ပသို့ပေါက်ကြားပါက တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား(၁၂) ဦး ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း PPNM က ထုတ်ပြန်ထားပါတယ်။
 
ဘားအံထောင်မှ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း နေ့စဉ် မနက် ၉ နာရီမှ ၁၀ နာရီအထိ အိပ်ဆောင်နှင့် အုတ်ရိုးအကြား ရေညှိများတိုက်တဲ့ အလုပ်များ လုပ်နေကြရပြီး ထောင်ဝန်ထမ်းများအကြောင်း ပြောဆိုပါက ခြေကျင်းခတ်၊ တိုက်ပိတ်မည်ဟု ထောင်အာဏာပိုင်များက ခြိမ်းခြောက်ထားတယ်လို့ PPNM ထံမှသိရပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026