NEWS

ဘဏ်တွေမှာ ငွေသားထုတ်မရလို့ ငွေကြေးဝန်ဆောင်မှု အေးဂျင့်တွေထံ ရာခိုင်နှုန်း အဆမတန်ပေးပြီးထုတ်နေရ

CoverLogo
573 Views

လတ်တလောဘဏ်တွေမှာ ငွေသားအလွယ်တကူထုတ်လို့မရတဲ့အခက်အခဲတွေဖြစ်နေသလို ငွေကြေးဝန်ဆောင်မှုပေးတဲ့ agent တွေမှာပါ ငွေသားထုတ်လို့မရတာတွေရှိနေတယ်လို့ သိရပါတယ်။

"ကျွန်တော်ငွေသားထုတ်ရခက်မှာဆိုးလို့ wave pay ကနေထုတ်ဖို့ ဆုံးဖြတ်တာ။ wave ပါထုတ်မရဘူးဖြစ်နေပြီ။ ပုစွန်တောင်ကနေစပြီး တစ်ဆိုင်ပြီး တစ်ဆိုင်ဘိုကလေးစျေးမှတ်တိုင်က wave agent အထိကိုရောက်တာ။ ဆူးလေဘက်တွေရော ထုတ်မရဘူး။ ကျွန်တော်ဆယ်သိန်းထုတ်ဖို့ လုပ်တာ တစ်သိန်းနှစ်သိန်းတောင်ထုတ်မရဘူး။ ရပ်ကွက်ထဲတွေကနေကျ ၁၀ ရာခိုင်နှုန်း အထိဆိုတော့ များလို့အပင်ပန်းခံရှာနေရတယ်။ ဘဏ်မှာလည်းနှစ်သိန်းပဲထုတ်လို့ရတယ်တဲ့။ ဒါတောင်လူတွေတန်းစီနေတာ။ ရိုးမဘဏ်ကရော နှစ်သိန်းထိပဲထုတ်ရတယ်။ Kbz က၅သိန်းထုတ်ရတယ် အဆင်မပြေပါဘူး" လို့ ငွေသားလိုအပ်သူတစ်ဦးကဆိုပါတယ်။ 

လတ်တလောစစ်ကောင်စီရဲ့ ဘဏ်တွေအပေါ်ခေါ်ယူစစ်ဆေးတာတွေနဲ့ ငွေသားထုတ်ယူမှုကိုမလိုအပ်ဘဲမပြုလုပ်ဖို့ပြောဆိုလိုက်တဲ့အပေါ် ယခုလိုဖြစ်ပေါ်လာကာ ငွေသားထူတ်ယူမှု တွေမြင့်တက်လာပြီး ဘဏ်တွေအနေနဲ့ကလည်း ငွေသားနှစ်သိန်းမှ ၅သိန်းအထိ ထုတ်ပေးနေတာတွေ့ရသလို ATM စက်အများစုမှာဆိုရင် ငွေသားထုတ်မရတဲ့အထိ ငွေသားထည့်မထားတာတွေရှိနေတယ်လို့ ပြည်သူများထံက သိရပါတယ်။ 

ဒါ့အပြင်ရပ်ကွက်အတွင်းဖွင့်ထားတဲ့ ငွေကြေးဝန်ဆောင်မူလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်ရယူထားတဲ့ agent တွေ
Kpay၊ Wavepay၊ Wave money အပါဝင် အခြားငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို  ဇူလိုင်လ ၁၁ ရက်နံနက်ကစပြီး မထုတ်ပေးတော့ဘူးလို့​ပြည်သူလူထုထံကသိရပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းက ရိုးမဘဏ်နှင့် ရိုးမအုပ်စု၏ ဦးဆောင်သူဦးသိမ်းဝေအား ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခြင်းများလုပ်ဆောင်နေသလို ဘဏ်လုပ်ငန်းများစစ်ဆေးနေတဲ့သတင်းများ ထွက်ပေါ်လျှက်ရှိရာ အဲဒီလိုကိစ္စနှင့်ပတ်သက်သည့်အရေးယူမှု မရှိကြောင်း ဗဟိုဘဏ်တာဝန်ရှိသူက စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ပြန်လည်ငြင်းဆိုထားပါသေးတယ်။  

ပြည်တွင်း ပုဂ္ဂလိကဘဏ်များတွင် အထူးငွေစာရင်းအကောင့် (Special Acc) အသုံးပြုသူများလည်း မိမိထုတ်ယူလိုသည့် ငွေပမာဏ မရဘဲ ကန့်သတ်ပမာဏသာထုတ်ပေးနေတဲ့သတင်းဟာ မဟုတ်မှန်ကြောင်းနဲ့ ယင်းကဲ့သို့ ကန့်သတ်ထားခြင်း မရှိဘူးလို့ဆိုထားပါတယ်။ 

အဆိုပါသတင်းများကြောင့်  မြေပြင်၌ special account မှ အမှန်တကယ်ငွေကြေးထုတ်ယူမရ ခြင်းမျိုးများရှိနေသလို ငွေကြေးသိန်း ၅၀၀အထက်ရှိအကောင့်များ ငွေသားထုတ်ယူရန်စာရင်းပိတ်နေတာတွေလည်းရှိနေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ 

ဘဏ်လုပ်ငန်းဆိုင်ရာတွေမှာ  စစ်ကောင်စီရဲ့ကန့်သတ်ပြောဆိုချက်များကြောင့်  ငွေသားထုတ်ယူရဖို့ခက်ခဲနေကြသလို  ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကိုယ်စားလှယ်အချို့က ငွေသားထုတ်ပေးလျှက်ရှိပေမဲ့ ငွေသားထုတ်ယူမှုအပေါ် ၁၀ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းအထိ ရယူမှုတွေရှိလာပြီလို့ သိရပါတယ်။  

ဓါတ်ပုံ- လူမှုကွန်ယက်

 


Related posts

Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026
Cover
အလှည့်ကျ မီးပေးစနစ် ပြန်စမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
စက်သုံးဆီဝယ်ယူမရ၍ ရန်ကုန်က ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းသူများ အခက်ကြုံနေ
Mar 22, 2026
Cover
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့ ဆန်ရောင်းချမှု ယာယီရပ်နားဟု MRF ကြေညာ
Mar 22, 2026
Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026