NEWS

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ စစ်တပ်ရဲ့ပစ်ခတ်သတ်ဖြတ်မှု့ကြောင့်အသက် ၁၈ နှစ်အောက် ၆ ဦးအပါအဝင်ပြည်သူ ၅၉ ဦးသေဆုံးခဲ့

CoverLogo
1.6K Views

နိုဝင်ဘာလတစ်လထဲမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်သတ်ဖြတ်မှု့ကြောင့်အသက် ၁၈ နှစ်အောက်ကလေးသူငယ် ၆ ဦးအပါအဝင်အပြစ်မဲ့ပြည်သူ ၅၆ ဦးသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဒီကနေ့မှာပဲထုတ်ပြန်​ကြေညာပါတယ်။

"နိုဝင်ဘာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူ (၅၉) ဦးကျဆုံးခဲ့ရပါသည်။ ထိုအထဲတွင် CDM ပြုလုပ်နေသည့် အရာထမ်းများ၊ ကျောင်းဆရာများ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကျောင်းသားများအပြင် အရပ်သားပြည်သူများပါဝင်ခဲ့သည်။ မိမိတို့ကောက်ယူ ရရှိသည့် မှတ်တမ်းများအရ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးခဲ့ရသူ (၁၄) ဦး၊ အမျိုးသမီး (၅) ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၆) ဦးပါဝင်တယ်" လို့ AAPP ကဆိုပါတယ်။

ဒါ့အ​ ပြင်  နိုဝင်ဘာ ၁ မှ ၃၀ ရက်နေ့အထိ စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးမှုကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း (၅၁၂) ဦးရှိခဲ့ပြီး အမျိုးသမီးဦးရေ (၁၀၉) ဦး၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေ (၂၂) ဦး နှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၃၄) ဦး အထိဖမ်းဆီးခံထားရတယ်လို့လဲဖော်ပြပါတယ်။

အရပ်သားတွေကိုပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်မှုအနေနဲ့ကတော့ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အင်အားအများအပြားသုံး၍ ထိုး စစ်ဆင်ခြင်းများကြောင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်များတွင် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လဲဖော်ပြပါတယ်။

ဒါ့အပြင်အရပ်သားလူနေအိမ်ခြေတွေ မီးရှို့မှု့တွေအပါအဝင်အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှု့တွေများစွာရှိခဲ့တယ်လို့လဲ AAPP ကအချက်အလက်နဲ့တကွဖော်ပြထားပါသေးတယ်။


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026