NEWS

ပြည်ပ ဖုန်းနံပတ်နဲ့ KBZ pay အကောင့်များ သုံးစွဲခွင့်မပြုတော့ဘူးလို့ အသိပေး

CoverLogo
865 Views
 
ပြည်ပဖုန်းနံပတ်တွေ နဲ့ KBZ pay သုံးစွဲနေသူတွေ အနေနဲ့ မြန်မာဖုန်းနံပတ်ကို ပြောင်းလဲ ရမယ်လို့ KBZ pay က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မြန်မာဖုန်းနံပတ် ပြောင်းလဲ သုံးစွဲခြင်းမရှိပါက ၎င်း K pay အကောင့် တွေ သုံးစွဲလို့ မရတော့ဘူးလို့ သိရပါတယ်။
ထိုင်းဖုန်းနံပတ် နဲ့ ဖွင့်လှစ်အသုံးပြုနေတဲ့ KBZ Pay အကောင့်တွေကိုလည်း မတ်လ ၁၉ ရက်ကစပြီး ငွေလွှဲဝန်ဆောင်မှု တွေကို ယာယီဆိုင်းငံ့ထား ပြီး KBZ Pay အကောင့်ကို ဆက်လက်အသုံးပြုနိုင်ဖို့အတွက် မြန်မာ ဖုန်းနံပါတ်နဲ့ ပြောင်းလဲ အသုံးပြုဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။
မြန်မာ ဖုန်းနံပါတ်ပြောင်းလဲ ရန် KBZ Pay အပလီကေးရှင်းထဲရှိ ဖုန်းနံပါတ်ပြောင်း Function မှာ လုပ်ဆောင်ရမယ့် အဆင့်တစ်ခုချင်းစီကို လိုက်နာပြီး လွယ်ကူစွာ ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။
ဖုန်းနံပါတ် ပြောင်းလဲနိုင်ဖို့ KBZ Pay App ကို မကြာမီရက်ပိုင်းအတွင်း ထွက်ရှိလာမယ့် ဗားရှင်းအသစ်ကို အဆင့်မြှင့်တင်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဗားရှင်းအသစ် မထွက်သေးခင် ကာလအတွင်း ဖုန်းနံပတ်ကို အမြန်ပြောင်းလဲတပ်ဆင်လိုပါက Virtual Customer Support နဲ့ Booking ပြုလုပ်ပြီး ဝန်ဆောင်မှု ရယူနိုင်တယ်လို့လည်း KBZ Pay က အသိပေး အကြောင်း ကြားထားပါတယ်။

Related posts

Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026
Cover
အငှားအိမ်ရာ တိုက်ခန်း များ အား ပြန်လည် ငှားရမ်း၊ရောင်းချသူများကိုနေထိုင်ခွင့်ပယ်ဖျက်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်
Feb 21, 2026
Cover
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ လစဉ်ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာများ ရင်ဆိုင်နေရ
Feb 20, 2026
Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026