NEWS

ပြည်တွင်းရှိ လူငယ် ၄ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေဟု UNDP ထုတ်ပြန်

CoverLogo
209 Views
 
မြန်မာနိုင်ငံတဝန်းရှိ လူငယ် လေးပုံ တစ်ပုံ (ခန့်မှန်းခြေ လေးသန်းနီးပါး) ဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ကုလသမဂ္ဂဖွံဖြိုးမှုအစီစဉ် (UNDP )က အောက်တိုဘာ၂ရက်မှာ ထုတ်ပြန်ပါတယ်။
 
အထူးသဖြင့် ပဋိပက္ခဖြစ်ပေါ်နေတဲ့ ဒေသတွေ ဖြစ်တဲ့ ကယားပြည်နယ်မှာ လူငယ်တစ်ဝက်ကျော်နဲ့ ရခိုင်ပြည်နယ်မှာ တစ်ဝက်ခန့် အလုပ်လက်မဲ့ ဖြစ်နေပြီး စိန်ခေါ်မှုပိုမိုကြီးမားနေတယ်လို့ ဆိုပါတယ်။
 
ယခုအစီရင်ခံစာကို “လမ်းပျောက်နေသော မျိုးဆက်- မြန်မာလူငယ် အလုပ်အကိုင်နှင့် ပညာရေး” ဟု အမည်ပေးထားပြီး Myanmar Youth Series ရဲ့ ဒုတိယ အစီရင်ခံစာဖြစ် ကာ တနိုင်ငံလုံးရှိ လူငယ် ၇၀၀၀ ကျော်ရဲ့ အသံတွေကို စုစည်း ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
 
အစီရင်ခံစာ ရဲ့ဖေါ်ပြချက်တွေအရ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်အများစုဟာ ကိုယ်ပိုင်လယ်ယာလုပ်ငန်း (သိုမဟုတ်) အခြားကျပန်းအလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပြီး ဝင်ငွေထိခိုက်မှုနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ရှိနေသလို အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား လူငယ်လေးဦးလျှင် သုံးဦးနှုန်း ဟာ ပညာသင်ကြားမှု (သိုမဟုတ်) လေ့ကျင့်သင်ကြားနိုင်ခြင်းမရှိဘူးလို ဆိုပါတယ်။
 
၎င်းအရေအတွက်ဟာကျေးလက်ဒေသတွေမှာ ဖြစ်ပြီး အထူးသဖြင့် တနင်္သာရီ၊ ချင်း၊ စစ်ကိုင်းနဲ့ ကရင် တို့မှာ လူငယ် ၅ ဦးလျှင် ၄ ဦးအထိတိုးလာကာ ပညာရေးနှင့်အလုပ်အကိုင် ကျား မ ခွဲခြားမှုတွင် အမျိုးသား၅ရာခိုင်နူန်းနှင့် နှိင်းယှဉ်ပါက
အမျိုးသမီးငယ် လေးဦးမှာ တစ်ဦး နီးပါး ဟာ အိမ်မှုကိစ္စ တာဝန်ကြောင့် ကျောင်းထွက်ရတယ်လို့ သိရပါတယ်။
 
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပျမ်းမျှ အားဖြင့် ၂၂ရာခိုင်နူန်း ဝင်ငွေလျော့နည်းပြီး လူငယ်တွေ ရဲ့အသက်မွေးဝမ်းကျောင်း မတည်ငြိမ်ခြင်း၊ ၄ ဦးတွင် တစ်ဦးကအလုပ်ထုတ်ခံရခြင်း၊ လုံခြုံမှုမရှိခြင်း နဲ့အိမ်တွင်းဖိအားတွေကြောင့် လွန်ခဲ့တဲ့ ၂နှစ် အတွင်း ၎င်းတိုရဲ့ အဓိက ဝင်ငွေအရင်းမြစ် ပြောင်းလဲခဲ့တာလို ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
ယခုအခြေအနေဟာ ကိန်းဂဏန်း သက်သက်မျှမဟုတ်ဘဲ မျိုးဆက်တစ်ခုလုံးစာအတွက် လွတ်လပ်စွာရပ်တည်နိုင်ရေး နှင့်အခွင့်အလမ်း များ ရရှိနိုင်ရေးတို့ကို လက်လွတ်ဆုံးရှုံး လိုက်ရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ပြန်လည်ထူထောင်ရေးနဲ့ရေရှည် ဖွံဖြိုးတိုးတတ်မှုအတွက် ဆိုးရွာသော အကျိုးဆက်များ သက်ရောက်စေနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်ထားပါတယ်။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026