NEWS

ပဲခူးမြစ်ရေ ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် ရောက်ရှိမည်ဟုမိုး/ဇလ ထုတ်ပြန်

CoverLogo
416 Views

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဩဂုတ်၂၀ရက်နေ့ မနက်၆နာရီ ခွဲ အချိန် တိုင်းတာ ထုတ်ပြန်ချက်အရ ပဲခူး မြစ်ရေဟာ လာမယ့် ၂၄နာရီ အတွင်း မှာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ကို ရောက်ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကျော်မှာ ရှိနေပြီ လာမယ့် ၂၄နာရီ အတွင်းမှာ စိုးရိမ်ရေမှတ် ကို ရောက်ရှိလာမှာ ဖြစ်တယ်လို့ဆိုပါတယ်။

"မနေ့ကတည်းက ဇိုင်းတောင်ဘက်မှာရေဝင်နေပြီ  အခုမနက်တော့ ရေကငြိမ်နေတယ် ဆက်လည်းမတက်သေးသလို ရေလည်းမကျဘူး အရင်တခါရေကြီးတုန်းက ပစ္စည်းတွေတောင် နေရာပြန်မချနိုင်သေးဘူး အခုထက်ရေကြီးမယ်ဆိုတော့ အောက်ခြေ လူတန်းစားတွေ စားဝတ်နေရေး ပိုပြီး ခက်ခဲလာဖို့ပဲရှိတော့မယ် တချို့ တွေ ဆို ရေမတက်တဲ့ အခြားနေရာ တွေ မှာ အခုမိုးတွင်းကာလကို အိမ်ငှားပြီး သွားနေကြတာတွေရှိတယ် ရေခဏခဏ တက်နေတော့ အလုပ်လည်းလုပ်မရ လူတွေလဲအန္တရယ်ရှိတော့ သွားငှားနေကြတာ""လို့ ပဲခူးမြို့နေသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်က စကာဩဂုတ်လ ပထမအပတ်အထိ  ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော် လွန်ရောက်ရှိခဲ့ တဲ့ အတွက် ရေဘေးကယ်ဆယ်ရေးစခန်း၂၇ ခုဖွင့်လှစ်ထားခဲ့ပြီး  ပြည်သူ ၅၀၀၀၀ ခန့် ရေဘေးသင့်ခဲ့ကာ ရေဘေးကြောင့်သေဆုံးသူတွေလည်းရှိခဲ့တာပါ။ ဒါ့အပြင် ၂၀၂၃ အောက်တိုဘာလမှာလည်း စံချိန်တင်ရေကြီးနစ်မြုပ်မှုကြောင့် လယ်စိုက်ဧကပေါင်းများစွာနဲ့ စီးပွားရေးလုပ်ငန်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026