NEWS

နိုင်ငံကူးလက်မှတ်အတွက် စက်တင်ဘာလ မတိုင်ခင် အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူထားသူများ နှုန်းထားသစ်အတိုင်း ပေးဆောင်ရမယ်လို့ဆို

CoverLogo
269 Views

နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့ အတွက်  စက်တင်ဘာလ မတိုင်မီက Online Appointment  ယူထားသူတွေ အနေနဲ့   စာအုပ်ဖိုး နူန်းထားအသစ် ဖြစ်တဲ့  ကျပ် ၄၀၀၀၀ ပေးဆောင်ရမယ်လို့ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကကြေညာထားပါတယ်။

စက်တင်ဘာ၁ရက်က စပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ အတွက် အွန်လိုင်းကနေ ကြိုတင်ရက်ချိန်း ယူရာမှာ စာအုပ်ဖိုးငွေကို ယခင် ကျပ် ၃၅၀၀၀ မှ ကျပ် ၄၀၀၀၀ သို့ ပြောင်းလဲသတ်မှတ်ကာ အွန်လိုင်းကနေပေးဆောင်ရမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ လ အရှေ့ပိုင်းက အွန်လိုင်းကနေ ရက်ချိန်းယူထားသူတွေလည်း ကျပ် ၄၀၀၀၀ ပေးဆောင်ရမှာ ဖြစ်ကာ ပေးဆောင်ရန် ကျန်တဲ့ စာအုပ်ဖိုး ၅၀၀၀ ကျပ်ကို နိုင်ငံကူးလက်မှတ်လာရောက် လုပ်မယ့်နေ့တွင်ပေးသွင်းရမယ်လို့ သိရပါတယ်။

""အရင်က အွန်လိုင်းရက်ချိန်းယူရင်စာအုပ်ဖိုး ၃၅၀၀၀ ကျပ် ဖြတ်တယ် အခု စက်တင်ဘာ၁ရက်က စပြီး အွန်လိုင်းကနေရက်ချိန်းယူတာနဲ့ ကျပ် ၄၀၀၀၀ တခါထဲ ပေးရတယ် အခု သူတို့ထပ်ထုတ်ပြန်တာက စက်တင်ဘာ၁ရက်အရှေ့ပိုင်း က အွန်လိုင်းရက်ချိန်းယူထားတဲ့ သူတွေလည်း ကျပ်လေးသောင်းနှုန်းပေးရမယ် အဲ့တော့ကျန်တဲ့ ၅၀၀၀ကျပ်ကိုစာအုပ် လာလုပ်တဲ့ နေ့ မှာ ထပ်ပေးရမယ် လို့ကြေညာထားတယ် တကယ်တမ်း ရုံးထဲမှာ ဝင်လုပ်ရင် အဲ့လေးသောင်းတင် ကုန်တာ မဟုတ်ဘူး ဓါတ်ပုံဖိုးတွေ ဖောင်ဖိုးတွေ ထပ်တောင်းသေးတာ သန်းခေါင်စာရင်းတို့ မှတ်ပုံတင် တို့ နည်းနည်း ဟောင်းနွမ်းနေရင်လည်း ရစ်တာပဲ ပြီးရင် ပိုက်ဆံတောင်းပြီ စာအုပ်လုပ်တဲ့သူကလည်း မရမှာစိုးရိမ်တော့ သူတို့တောင်းတာပေးရတာပေါ့""လို့မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

အခုလို နိုင်ငံကူးလက်မှတ် စာအုပ်ဖိုး ငွေ တိုးကောက်တာမှာ ပြည်တွင်းသာမက မြန်မာသံရုံး ရှိရာ နိုင်ငံ များ တွင် လည်း ပြည်ပရောက်မြန်မာနိုင်ငံသားများ ကို နိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ စာအုပ်ဖိုးနှုန်း ထားကို သက်ဆိုင်ရာ နိုင်ငံအလိုက် ငွေကြေး များ ဖြင့်စက်တင်ဘာ ၁ ရက်ကစပြီး တိုးမြှင့် ကောက်ယူလာတာ တွေ့ရပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026