NEWS

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း

CoverLogo
25 Views
 
(၁၁၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC)ရဲ့ "မြန်မာ့အရေးအထူးဆွေးနွေးပွဲ"ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ရုံးချုပ်တွင် ကျင်းပခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး၊ အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကိုဆက်လက်ဖိအားပေး တောင်းဆိုရန် တိုက်တွန်းပြောကြားထားပါတယ်။
 
စစ်ကောင်စီရဲ့ ၂၀၂၁ခုနှစ်မှာ မြန်မာနိုင်ငံကိုအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးရယ်၊အသက်ရှင်သန်မှု အတွက်ရယ်ကို လွတ်လပ်တဲ့ အထောက် အထားများ မရရှိကြသေးဘူးလို့ဒေါ်ဖြိုးစန္ဒာစိုးက‌ပြောပါတယ်။
 
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လည်းဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်မှုအတွက် ဆက်လက်တိုက်ပွဲဝင်ပေးရန် နဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့Proof of Life အတွက် တောင်းဆိုပေးကြရန် CTUMက တိုက်တွန်း တင်ပြခဲ့တာလို့သိရပါတယ်။
 
လက်တွေ့မှာ စစ်ကောင်စီဟာ တရားဥပဒေစိုးမိုးမှု ရှိနေပြီး အကျဉ်းသားများကို တရားမျှတစွာ ဆက်ဆံနေကြောင်း ILC ညီလာခံ၌ နိုင်ငံတကာကို ယုံကြည်စေရန် ကြိုးပမ်းနေပေမယ့်လည်း လက်တွေ့အခြေအနေများမှာ ယင်းပြောဆိုချက်များနဲ့ ကွဲလွဲနေတယ်လို့ဆိုပါတယ်။
 
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပြုမူနေတဲ့စိုးရွားတဲ့ကိစ္စတွေရပ်တန့်အောင် ဆက်လက်ဖိအားပေးတောင်းဆိုကြဖို့ လိုအပ်ကြောင်းသိရပါတယ်။
 

Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026