NEWS

မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်

CoverLogo
168 Views
ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ခွင့်ယူပြီး မြန်မာနိုင်ငံကို ပြန်လာပါက မေလ ၁ ရက်နေ့ကစပြီး သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာ ထောက်ခံစာ ယူဆောင်ရတော့မယ်လို့ စစ်အစိုးရ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဧပြီ၂၈ ရက်က အသိပေးထုတ်ပြန်လိုက်ပါတယ်။
 
ထုတ်ပြန်ချက်အရ ခွင့်ပြန်အလုပ်သမားတွေဟာ မြန်မာနိုင်ငံကို မပြန်ခင် အလုပ်ရှင်ထံက ခွင့်စာ (Letter of Permission for Leave) ကို အရင်ရယူရမှာဖြစ်ပြီး အဲ့ဒီခွင့်စာနဲ့ မြန်မာသံရုံးမှာ ထောက်ခံစာသွားလျှောက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာသံရုံး၊ အဖွဲ့ရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ချုပ်ရုံး မရှိတဲ့နိုင်ငံတွေမှာ အလုပ်လုပ်နေသူတွေကတော့ အနီးဆုံးနိုင်ငံ (သို့မဟုတ်) အနီးဆုံးမြို့ရှိ မြန်မာသံရုံးတွေကို သွားရောက်ပြီး ထောက်ခံစာ ယူရမယ်လို့ အသိပေးထားပါတယ်။
 
"ကိုယ့်နိုင်ငံ ကိုယ်ပြန်တာတောင် သံရုံးမှာ ထောက်ခံစာ ယူရအုံးမယ် ဆိုတာကြီးက အတော်လေးဆိုးတယ် တခြားနိုင်ငံသားတွေကြားရင်ရှက်စရာဘဲ ပြည်ပမှာ ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက် လို့ သံရုံး ဘက်က ကူညီပေးတာမရှိဘူး အခု အလုပ်ရှင်က ခွင့်ပြုလို့ ခွင့်စာနဲ့ ပြန်ဖို့တောင် သူတို့ထောက်ခံချက်ရမှ ပြန်ရမယ်ဆိုတာ အတော်အဆင်မပြေဘူး ""လို့ ပြည်ပရောက်မြန်မာလုပ်သားတစ်ဦးကမှတ်ချက်ပြုပါတယ်။
 
စစ်အစိုးရ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ခွင့်ပြန်လုပ်သားတွေ သံရုံးထောက်ခံစာယူရ မှာသာမက Work Permit ၊ Visa ၊ ခွင့်စာမှာ ဖော်ပြထားတဲ့ လုပ်ငန်းခွင်နဲ့ OWIC ကတ်ထဲက အလုပ်အကိုင်အချက်အလက် မတူညီဘူးဆိုရင် မြန်မာနိုင်ငံပြန်ရောက်ချိန်မှာ OWIC ကတ်ကို အသစ်ပြန်လည်လျှောက်ထားရမယ်လို့လည်း ဖော်ပြထားပါတယ်။
 
“ခွင့်ပြန်အလုပ်သမား” အဖြစ် ဟန်ဆောင်ပြီး ခွင့်စာအတုတွေ အသုံးပြုကာ တရားမဝင်ထွက်ခွာဖို့ ကြိုးစားမှုတွေရှိနေတယ်လို့ ဆိုပြီး၊ လိမ်လည်တင်ပြတာ စစ်ဆေးတွေ့ရှိရင် ကာလသတ်မှတ်ပြီး ပြည်ပထွက်ခွင့်ပိတ်တာနဲ့ Blacklist သွင်းတာတွေ လုပ်သွားမယ်လို့ သတိပေးထားပါတယ်။
 
လက်ရှိ မှာလည်း ခွင့်ပြန်အလုပ်သမားတချို့ပြည်ပ ပြန်လည်ထွက်ခွာရာမှာ အခက်အခဲတွေကြုံနေရကာ ရန်ကုန်လေဆိပ်မှာ VIP အမြန်လမ်းကြောင်းအသုံးပြု ၍ ကျပ်သိန်း ၃၀မှ၄၀ ကျော် အထိပေးချေပြီး မှ ပြည်ပပြန်ထွက်ခွင့်ရကြောင်း သိရပါတယ်။
 

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026