NEWS

ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို

CoverLogo
281 Views
ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) ဖြစ်ပါတယ်။
 
ဒီကနေ့မှာတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲက ရွှေနဲ့ သတ္တု တူးဖော်မှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ် ထိုင်း​မြောက်​ဒေသက မြစ်ချောင်းတွေ အတွင်းမှာ ဓါတု အဆိပ်သင့်ရပြီး သဘာ၀ပတ်ဝန်းကျင်နဲ့ လူမှုဘ၀​တွေ အကြီးအကျယ်ထိခိုက်​စေတာ​ကြောင့် ထိုင်းသံဃာတော်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ ဒေသခံပြည်သူများ အစိုးရများသတိပြုမိစေရန်နှင့် လူမှုပတ်ဝန်းကျင်က ဂေဟစနစ်ပြဿနာကို အလေးထားလာစေရန်အတွက် ကီလိုမီတာ ၆၀ (၃၇ မိုင်ခန့်) ခရီးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
 
၆ ရက်တိုင် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်း​ရေး လမ်း​လျှောက်ခြင်းနဲ့အတူ မြန်မာနိုင်ငံက သတ္တုတွင်းလုပ်ငန်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဂေဟစနစ် ပျက်စီးပြီး ဒေသခံပြည်သူများ၏ လူနေမှုဘဝကို ထိခိုက်နေသည့် အကျပ်အတည်းကို ဖော်ထုတ်ခဲ့ကြပြီး၊ အခြေအနေများ နောက်ကျမသွားမီ အစိုးရအနေဖြင့် နိုင်ငံတကာယန္တရားများကို အသုံးပြုကာ အရေးပေါ် ဖြေရှင်းပေးရန် ထောက်ပြတောင်းဆိုထားပါတယ်။
 
သက်ဆိုင်ရာကွန်ရက်အဖွဲ့က အစိုးရအနေဖြင့် သံတမန်ရေးရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ယန္တရားများကို အသုံးပြုကာ အရင်းအမြစ်ဖြစ်သော သတ္တုတွင်း ပြဿနာကို ထိရောက်စွာ ဖြေရှင်းပေးရန်၊ ပြည်သူများအတွက် ကုစားမှုများ ပြုလုပ်ပေးရန်နှင့် ဂေဟစနစ်ကို အမြန်ဆုံး ပြန်လည်သက်ဝင်လာအောင် ဆောင်ရွက်ပေးရန် တောင်းဆိုထားပါတယ်။
 
​ချင်းမိုင်ခရိုင်၊ မယ်အိုင်မြို့နယ်၊ ဝပ်ထာတွန် (Watthatorn) တိုက်အုပ်ဆရာတော်နှင့် ဝပ်ဘာဝနာနိမိတ် (ဝပ်နမ်ယွန်) ကျောင်းထိုင်ဆရာတော် (Phra Maha Nikhom Mahabhinikkhamano) နှင်သံဃာ​တော်များ၊ အရပ်ဘက်ပြည်သူ့ကွန်ရက်များနှင့်အတူ"​Peace walk for rivers" လှုပ်ရှားမှုကို ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်မှ ဇွန်လ ၅ ရက်နေ့အထိ စုစုပေါင်း ၆ ရက်တိုင် ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြပါတယ်။
 
ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း အဆိပ်သင့်ပစ္စည်းများ စုပုံလာပြီး မြစ် ၅ သွယ် (​ကော့မြစ်၊ ရောက်မြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်နှင့် ဆိုင်မြစ်) တွင် အာဆင်းနစ် ပါ၀င်မှု အဆမတန် မြင့်တက်ကာ သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းစေတာ​ကြောင့် ဒေသခံများမှာ ရေကို ဘေးကင်းစွာ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026