NEWS

ဒေါ်လာနှင့် ရွှေဈေး အနည်းငယ်မြင့်တက်လာ

CoverLogo
558 Views

အောက်တိုဘာ စတုတ္ထပတ်အတွင်း အမေရိကန်ဒေါ်လာနှင့် ရွှေဈေးအနည်းငယ် မြင့်တက်လာတယ်လို့ စုံစမ်း သိရှိရပါတယ်။ 

အောက်တိုဘာ တတိယပတ်အတွင်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၆၁သိန်း အထိရှိ​ပေမယ့် 
အောက်တိုဘာ ၂၃ရက်က စတင်ပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်လျှက်ရှိပြီး လက်ရှိတွင် အကယ်ဒမီရွှေ ၁ ကျပ်သားလျှင် ၆၅သိန်းကျော်အထိရှိလာတာဖြစ်ပါတယ်။ 

ယခုရက်ပိုင်းအတွင်း ရွှေဈေးအတက်မြန်နေတာ​ကြောင့်လည်း ရွှေဆိုင်အချို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့(စ သုံးလုံး)က ရှောင်တခင်ဝင် ရောက်စစ်ဆေးမှုရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ပြင်ပပေါက်ဈေး ၁ ဒေါ်လာ ၄၂၀၀- ၄၄၀၀ကျပ်အတွင်း အဝယ်အရောင်းရှိခဲ့ပြီး လက်ရှိ အောက်တိုဘာ စတုတ္ထပတ်အတွင်း  ၄၅၀၀-၄၇၀၀ ကျပ် ဝန်းကျင်အထိ ဈေးတက်လျှက်ရှိ ပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်က အောက်တိုဘာ ၂၂ရက်က စတင်ပြီး ယာယီ ပိတ်ပစ် ခဲ့တာ ဖြစ်ပြီး အဆိုပါ တရုတ်နယ်စပ်ဂိတ် ပိတ်ခံရမှုကို အကြောင်းပြုပြီး ဒေါ်လာဈေးကစားမှုများ ရှိလာသဖြင့် ဒေါ်လာဈေးတက်လာရခြင်း ဖြစ်တယ်လို့ ဒေါ်လာ ရောင်းဝယ် ပြုလုပ်နေသူ တစ်ဦး ပြောပါတယ်။ 

“တရုတ်နယ်စပ်ဂိတ် ပိတ်လိုက်ပြီးထဲက ဒေါ်လာဈေးက နည်းနည်းချင်း တက်လာတယ်။ ရှင်းရှင်း ပြောရရင် ဈေးကစား ကြတာပေါ့။ ဟိုအရင် ၆၀၀၀ ကျော် ၇၀၀၀ ကျော် အထိ ဈေးတက်ခဲ့တုန်းက ပိုက်မိထားတဲ့သူတွေ လည်း ရှိနေတော့။ အခုချိန်မှာ ဈေးကစားပြီး ဒေါ်လာဈေးကို ပြန်ဆွဲတင်ကြတာ။  အရင်အပတ်ကထက် သုံးလေးရာ တက်လာတယ်။ ရှေ့လျှောက် ထပ်တက်လာမလား ပြန်ကျမလား စောင့်ကြည့်ရမယ်” လို့ ဒေါ်လာ ဝယ်ရောင်းပြုလုပ်နေသူ ကိုမင်းမင်း(အမည်လွှဲ) က ဆိုပါတယ်။  

ဒေါ်လာအနည်းငယ် မြင့်တက်လာမှုကြောင့် နိုင်ငံခြားက မှာယူတင်သွင်းရသော ကုန်ပစ္စည်းများ ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ဖွယ်ရှိ​နေပါတယ်။ 

 

 


Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026
Cover
မြို့နယ် လ၀က ရုံးများ တွင် ရုံးပိတ်ရက်မရှိ မှတ်ပုံတင် ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ကြေညာ
Jan 08, 2026
Cover
၁၁နှစ်အတွင်း အလုပ်အကိုင် ၇၁မျိုးအတွက် ကျွမ်းကျင်လုပ်သား ၄၀၀၀၀ ကျော် ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ဟု ဆို
Jan 08, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
ရန်ကုန်တွင် ဘွဲ့ရသူ စာရင်းကောက်ယူနေ၍ ပြည်သူတွေစိုးရိမ်နေ
Dec 23, 2025
Cover
အမျိုးသမီး ၉ ဦးကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ငွေကြေးအကျိုးမြတ် ခေါင်းပုံဖြတ်သူများကို လူကုန်တားဥပဒေဖြင့် အရေးယူ
Dec 18, 2025
Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025