NEWS

ဒေါ်လာဈေးမြင့်တက်အောင်လုပ်ဆောင်တယ်ဆိုပြီး စစ်ကောင်စီကနိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ကိုင်သူအချို့ကိုဖမ်းဆီး၊ ၁၁ ဦးကို ဝရမ်းထုတ်

CoverLogo
386 Views

ပြည်တွင်းမှာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်အောင်  လုပ်ဆောင်တယ်လို့ဆိုပြီး နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သူများနှင့် ပွဲစားများအပါအဝင်  ၁၄ ဦးကိုစစ်ကောင်စီ က ဖမ်းဆီးစစ်ဆေးနေပြီး နောက်ထပ် ၁၁ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။ 

ပြည်တွင်းငွေလဲလှယ်နှုန်း မတည်မငြိမ် ဖြစ်စေရန် လူမှုကွန်ယက် မီဒီယာများမှတဆင့် ဝါဒဖြန့်ဈေးကစားခြင်း ၊ နိုင်ငံခြားငွေဝယ်ယူရောင်းချခွင့်လိုင်စင်ရှိတဲ့ ငွေလဲကောင်တာတွေ တွေကလည်း ဗဟိုဘဏ် စည်းကမ်းအား ချိုးဖောက်ပြီး နိုင်ငံခြားငွေလဲနှုန်း မြင့်တက်အောင် ဈေးကစားကာ စီးပွားရေးမငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်တယ်ဆိုပြီး  ဖမ်းဆီးအရေးယူခဲ့တာလို့ စစ်ကောင်စီချုပ်ကိုင်ထားတဲ့ သတင်းစာတွေမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်က နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျင် မြန်မာကျပ် ၄၅၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့တာပါ။ ရွှေဈေးနှုန်းအနေနဲ့တော့ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ပြင်ပပေါက်စျေး ကျပ် ၅၇ သိန်း ဝန်းကျင် အထိစျေးပေါက်ခဲ့ပြီး စံချိန်တင် ရွှေဈေးမြင့်တက်အောင် လုပ်ဆောင်တယ်လို့ဆိုကာ ရွှေ ဆိုင်ပိုင်ရှင်တွေ နဲ့ ကုန်သည် ၂၁ ဦးကိုဖမ်းဆီးခဲ့ပြီး  နာမည်ကြီးရွှေဆိုင်ပိုင်ရှင်နဲ့ ကုန်သည်တွေအပါ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ရွှေဆိုင်တွေအားလုံး မီးလင်းရွှေတကျပ်သားလျင် ကျပ် ၄၈ သိန်းကျော်ဖြင့်သာရောင်းချရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထုတ်ပြန်ထားပါတယ်။ဒေါ်လာဈေးနှုန်းအနေနဲ့ကတော့ အမေရိကန်တစ်ဒေါ်လာလျင် မြန်မာကျပ်ငွေ ၄၁၃၀ ကနေ ၄၂၀၀ ဝန်းကျင်ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။


Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026