- ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်ကို မြန်မာကိုယ်စားလှယ် အဖွဲ့ အကြီးအမှူး အဖြစ် ဒီဇင်ဘာ ၆ ရက်က အတည်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သဖြင့် PDF ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ ဒီပဲ ယင်းပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
- စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ၊ဒုန်းတောရွာတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံရွာသား ၁၁ ဦးကို ကြိုးတုတ်ပြီး မီးရှို့သတ်ဖြတ် ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်းက ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော ရွာသာ ဘိန်းနွယ်ချောင် ကျေးစာကျ အုံတုံပင် မြပင်စည် မြရွှေစည် အောင်မိုး စတဲ့ ကျေးရွာများမှ ပြည်သူ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတွေထံက သိရပါတယ်။
- စစ်တိုင်းကလေးမြို့ တောင်ပိုင်း ၊ ချောင်းခွရွာ နေ ဦးငွန်နယ်ထန်းကို အကြမ်းဖက်စစ်တပ်မှ ဒီဇင်ဘာ ၅ ရက်တွေင် တောင်ယာခင်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးမြေထူးရွာတွင် အိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ သံဖိုရွာက မောင်လားရိုမွာလ်ကို ဒီဇင်ဘာ ၄ ရက်တွင် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ယင်း ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအနေနှင့် မိမိတို့နီးစပ်ရာ ပြည့်သူ့ကာကွယ်ရေးတပ်တို့၏အသိပေးချက်ကိုအချိန်မှီလိုက်နာကာ၊ပူးပေါင်းပါဝင်ပေးကြရန်နှင့် အကြမ်းဖက်စစ်တပ်လှုပ်ရှားမှုဟူသမျှကို ပြည့်သူ့ကာကွယ်ရေးတပ်တို့ထံ အသိပေးကြပါရန် အလေးအနက်ထား သတိပေးလိုပါတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
- ရန်ကုန်၊ မန္တလေး ၊ထားဝယ် အစရှိတဲ့ မြို့ကြီးတွေမှာ အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေးအတွက် ဆန္ဒဖော်ထုတ်နေကြပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ မှ တိတ်ဆိတ်ခြင်းသပိတ် Silent Strike ပြုလုပ်သွားမှာ ဖြစ်တဲ့ အတွက် တစ်နိုင်ငံလုံးက ပြည်သူများ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
- ရန်ကုန် ကမာရွတ်တွင် ပြည်သူများ သံပုံးတီးနေစဉ် စစ်ကားဖြင့် ဝင်လာပြီး အကြမ်းဖက်စစ်သားများက ပြည်သူပိုင် ကားအစီးရေ ၃ဝ ကျော်ကို မှန်များရိုက်ခွဲပြီး ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။
- နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၁၃၀၅)ဦးရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

NEWS
ဒီဇင်ဘာ ၇ ရက်နေ့သတင်း အကျဉ်းချုပ်

1.1K Views
Related posts

ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026

တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026

မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026

ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026

တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026

အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026

လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026
