NEWS

ဒီကနေ့နိုဝင်ဘာ ၂၆ ရက် တစ်နေ့တာသတင်းများအကျဥ်းချုပ်

CoverLogo
983 Views

ဆန္ဒပြလူငယ်များကို ရိုက်နှက်ဖမ်းဆီးမှု ဖြစ်စဉ် ဖြစ်ပျက်ခဲ့တဲ့ Myanmar Plaza အား လူထုဒဏ်ခတ်မှု စတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၁၂၉၄ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း က ထုတ်ပြန်ပါတယ်။

ပြည်တွင်းခုခံတော်လှန်ရေးသတင်းများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်းအနီးရှိ Mytel မြေအောက် ကေဘယ်လ်ကြိုးဖျက်ဆီးခံရခြင်းကို လာရောက်စစ်ဆေးတဲ့ အရပ်ဝတ် စစ်သားများ မိုင်းခွဲ တိုက်ခိုက်ခံရကာ ၂ ဦးသေဆုံးပြီးနောက် နယ်မြေရှင်းလင်းရန် လာရောက်သည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် KNLA၊ Kyaikhto Revolution Force-KRF ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားကာ ၁ဝဦး ထပ်မံသေဆုံးခဲ့ကြောင်း KRF အဖွဲ့ထံမှသိရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင် ရဲစခန်းက အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့ နိုဝင်ဘာလ ၂၆ရက်နေ့ နံနက် ၅နာရီခန့်က တောတွင်းတစ်နေရာရှိ PDF စခန်းတစ်ခုကို ဝင်ရောက်ဖျက်ဆီးမီးရှို့နေစဉ် မုံရွာလျှပ်စီးအဖွဲ့ (Monywa Lightning PDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦး သေဆုံးကာ ကျန် ၄ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာ လျှပ်စီးအဖွဲ့ထံက သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် နိုဝင်ဘာလ(၂၅) ရက်နေ့ နံနက်ပိုင်း ဂန့်ဂေါ-ကလေးလမ်းပိုင်းကို အသုံးပြု၍ ခြေလျှင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်တိုင်(၉) အနီးတွင် PDF-GanGaw တပ်ခွဲ (၁၉)က ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း PDF-GanGaw က သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် တရားရုံးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီးပျက်စီးသွားကြောင်း ဒေသကာ ကွယ်ရေး တပ်ထံမှ သိရှိရပါတယ်။

အလုပ်သမားရေးရာ

မြန်မာနိုင်ငံစက်ရုံအလုပ်ရုံတွေမှာလုပ်ကိုင်နေတဲ့အလုပ်သမတွေအနေနဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအကြမ်းဖက်မှု့ပပျောက်ရေးရသတ္တပတ်လှုပ်ရှားမှု့ဖဲ ကြိုးဖြူကမ်ပိန်းမှာပူးပေါင်းပါဝင်လှုပ်ရှားနေပြီလို့သိရပါတယ်။

ပြည်သူများဖမ်းဆီးခံရမှု့အခြေအနေ

ဒီကနေ့ရန်ကုန်လှိုင်ဖက်မှာတော့ လူငယ်အချို့ဖမ်းဆီးခံထားရတာရှိတယ် လို့မြို့နယ် Scout သတင်းတွေတက်လာပေမယ့်ဘယ်သူဘယ်ဝါရယ် ဆိုတာမျိုးတော့အတည်မပြုနိုင်သေးပါဘူး။

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်ရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာစဉ် အပြစ်မဲ့ ဒေသခံရွာသား ၇ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်ကာ ငွေတောင်ကျေးရွာအနီးရှိ ခမရ ၄၂၇ တပ်ရင်းထဲသို့ ခေါ်ဆောင်သွားပြီး နေ့လယ်မှ ပြန်လွှတ်ပေးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့ နံနက် အစောပိုင်းတွင် စစ်ကောင်စီ အင်အား ၁၀၀ ကျော်သည် ဟိုဖိတ်ရွာသို့ စစ်ကြောင်းထိုးလာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ကာ အဆိုပါ တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ပါတယ်။

ဟိုဖိတ်ရွာတိုက်ပွဲတွင် လွိုင်ကော်ရှိ စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်း ဆိုးဝါးသည့် လူ့အခွင့်အ​​ရေးချိုး​ဖောက်မှုများဖြစ်​သော လူသားဒိုင်းအသုံးပြုခြင်း၊ ​​ကျေးရွာများအတွင်း ​မြေမြုပ်မိုင်း​ထောင်ခြင်း၊ လူ​နေအိမ်များအား မီးရို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများအား ဖမ်းဆီးညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်​ဖြတ်ခြင်း၊ ဘာသာ​ရေးအ​ဆောက်အုံများအား ပစ်ခတ်ဖျက်ဆီးခြင်းနှင့် ဝင်​ရောက်တပ်စွဲခြင်းနှင့် လူသားခြင်းစာနာ​ထောက်ထားမှု အကူအညီများအား ဟန့်တား ဖမ်းဆီး ဖျက်ဆီးခြင်း စသည့် လူ့အခွင့်​ရေးချိုး​ဖောက်မှုများအား ​နေ့စဥ်ရက်ဆက် ကျူးလွန်လျက်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဖုန်းနံပါတ်ကနေတဆင့် ငွေကြေးလှူဒါန်းနေတဲ့ ဘဏ်အကောင့်နဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့် ပိုင်ရှင်တွေကို စုံးစမ်းပေးဖို့ ညွှန်ကြားတဲ့စာတစ်စောင်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့စွဲနဲ့ လူမှုကွန်ရက်မှာ ပျံနှံလာပါတယ်။ဗဟိုဘဏ်ကထုတ်ပြန်တဲ့အဆိုပါ လျှို့ဝှက်ညွှန်ကြားစာမှာ ဖုန်းနံပါတ် ၅၆ လုံးကို ဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ထားခြင်းရှိမရှိနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အကောင့်ဖွင့်လှစ်ထားခြင်းရှိ မရှိ စစ်ဆေးပေးဖို့ ဘဏ်တွေနဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုညွှန်ကြားထားပါတယ်။

ပြည်တွင်းသပိတ်တိုက်ပွဲများ

မန္တလေး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်း အစရှိတဲ့မြို့ကြီးတွေမှာသပိတ်အင်အားစုတွေနဲ့ပြည်သူတွေစုပေါင်းပြီးအမျိုးသားနေ့အဓိဌာန်စစ်ကျွန်မခံဘူး ဘူး ငြင်းဆန်ဆိုတဲ့စာသားတွေကြွေကြော်သံတွေနဲ့အင်တိုက်အားတိုက် သပိတ်တိုက်ပွဲတွေဆင်နွှဲနေကြဆဲပါ။

ဒါကတော့ဒီကနေ့တနေ့တာသတင်းအနှစ်ချုပ်ပါ။


Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026