NEWS

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကျဉ်းထောင်မှ အောင်မြင်သူ ၁၇ ဦး တွင် ဂုဏ်ထူးပါသူ ၁၄ ဦးရှိ

CoverLogo
228 Views
 
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်စာရင်း ကို ဇူလိုင်၂၇ ရက်က ထုတ်ပြန်ရာမှာ တက္ကသိုလ်စာမေးပွဲအောင်မြင်သူတွေအနက် အကျဉ်းထောင်တွင်းမှ ဖြေဆိုအောင်မြင်သူ ၁၇ ဦး တွင် ၁၄ ဦးမှာဂုဏ်ထူးနဲ့အောင်မြင်တယ်လို့ သိရပါတယ်။
 
အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား၁၀ဦးနဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၇ဦးတို့ဖြေဆိုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
 
အောင်မြင်သူတွေထဲမှ ၃ဘာသာဂုဏ်ထူးရှင် ၆ဦး၊၂ဘာသာဂုဏ်ထူးရှင်၄ဦး နဲ့ ၁ဘာသာဂုဏ်ထူးရှင် ၄ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ၁ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ၁ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း(မန္တလေး)မှ၁ဦး၊ လားရှိုးလူငယ်သင်တန်းကျောင်းမှ ၁ဦး၊ လပွတ္တာလူငယ်အားမာန်သင်တန်းကျောင်းမှ၁ဦး စုစုပေါင်း ၅ဦး လည်း ဖြေဆိုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ယခုအကျဉ်းထောင်များနဲ့လူငယ်သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေ ကို ဆက်လက်ပညာသင်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
 
၂၀၂၄-၂၀၂၅ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ကို ကျောင်းသား ကျောင်းသူပေါင်း ၂ သိန်းကျော် ဝင်ရောက်ဖြေဆိုပြီး ၉၉,၀၀၀ ကျော် အောင်မြင်ကာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၀၆ ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ သိရပါတယ်။

Related posts

Cover
တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို့ စစ်ကော်မရှင်ရဲ့ UEC ဖိတ်ခေါ်
Oct 01, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား
Sep 24, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025
Cover
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို
Sep 22, 2025
Cover
ဒိုက်ဦးနှင့် သာယာ၀တီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများ အရေပြားကူးစက်ရောဂါ ဆိုးရွားစွာခံစားနေရဟုဆို
Sep 17, 2025