NEWS

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကျဉ်းထောင်မှ အောင်မြင်သူ ၁၇ ဦး တွင် ဂုဏ်ထူးပါသူ ၁၄ ဦးရှိ

CoverLogo
342 Views
 
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်စာရင်း ကို ဇူလိုင်၂၇ ရက်က ထုတ်ပြန်ရာမှာ တက္ကသိုလ်စာမေးပွဲအောင်မြင်သူတွေအနက် အကျဉ်းထောင်တွင်းမှ ဖြေဆိုအောင်မြင်သူ ၁၇ ဦး တွင် ၁၄ ဦးမှာဂုဏ်ထူးနဲ့အောင်မြင်တယ်လို့ သိရပါတယ်။
 
အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား၁၀ဦးနဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၇ဦးတို့ဖြေဆိုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
 
အောင်မြင်သူတွေထဲမှ ၃ဘာသာဂုဏ်ထူးရှင် ၆ဦး၊၂ဘာသာဂုဏ်ထူးရှင်၄ဦး နဲ့ ၁ဘာသာဂုဏ်ထူးရှင် ၄ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ၁ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ၁ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း(မန္တလေး)မှ၁ဦး၊ လားရှိုးလူငယ်သင်တန်းကျောင်းမှ ၁ဦး၊ လပွတ္တာလူငယ်အားမာန်သင်တန်းကျောင်းမှ၁ဦး စုစုပေါင်း ၅ဦး လည်း ဖြေဆိုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ယခုအကျဉ်းထောင်များနဲ့လူငယ်သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေ ကို ဆက်လက်ပညာသင်ယူခွင့်ရရှိရေး ဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
 
၂၀၂၄-၂၀၂၅ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ကို ကျောင်းသား ကျောင်းသူပေါင်း ၂ သိန်းကျော် ဝင်ရောက်ဖြေဆိုပြီး ၉၉,၀၀၀ ကျော် အောင်မြင်ကာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၀၆ ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ သိရပါတယ်။

Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026