NEWS

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို တိုကင်စနစ် ဖြင့် ထုတ်ပေးမည်ဟုဆို

CoverLogo
314 Views
 
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို လူဦးရေ အကန့်အသတ်ထားပြီး တိုကင်စနစ်နဲ့ ထုတ်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။
 
ဩဂုတ်လ ၁၃ ရက်ကစပြီး နံနက် ၉နာရီမှ နေ့လည် ၂နာရီ အထိ ထုတ်ပေးမည်ဖြစ်ကာ ဩဂုတ် ၁၃ ရက် မှာ ပြည်နယ် တွေ ရဲ့ အမှတ်စာရင်းတွေကို စတင်ထုတ်ပေးမှာဖြစ်ပြီး ၊ ဩဂုတ် ၁၄ ရက် မှာတော့ ပြည်နယ်တွေ နဲ့ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး တိုင်းဒေသကြီးတွေရဲ့ အမှတ်စာရင်း တွေ ကို စတင်ထုတ်ပေးသွား မယ်လို့ သိရပါတယ်။
 
ကျန်ရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ အမှတ်စာရင်း ထုတ်ပေးမယ့်ရက်ကိုတော့ ဆက်လက်အသိပေးကြေညာပေးသွားမယ်လို့ ဆိုပါတယ်။
 
ထိုသို့ ထုတ်ပေးရာမှာလည်း တိုကင်စနစ်နဲ့ ကနဦး မှာ တိုကင် ၅၀ ခုသာ ထုတ်ပေးဆောင်ရွက်သွားမယ်လို့ ကြေညာထားပြီး အမှတ်စာရင်း လုပ်ငန်းဆောင်ရွက်ပေးနိုင် မှုအပေါ် မူတည်ပြီး တိုးမြှင့် ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
 
တိုကင်ထုတ်ယူရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား/ယာဉ်မောင်းလိုင်စင်/ကျောင်းသားကတ်နဲ့ အခြားအထောက်အထား ကတ်(ID)တစ်ခုခုယူဆောင်လာရမယ်လို့ ဆိုပါတယ်။
 
အမှတ်စာရင်း ထုတ်ပေးတဲ့အခါ နေပြည်တော်ရုံးချုပ်မှာကောင်တာ လေးခု၊ ရန်ကုန်ရုံးခွဲ တွင် ကောင်တာ ၁၀ခု ဖွင့်လှစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် အလိုက် ကောင်တာများ သတ်မှတ် ထုတ်ပေးမယ်လို့ သိရပါတယ်။
 
အမှတ်စာရင်း ထုတ်ပေးရာတွင် တစ်ဦး ကို အများဆုံး ၃စောင် အထိသာ လက်ခံဆောင်ရွက်ပေးမယ်လို့ ကြေညာထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026