NEWS

ဆေးဝါးတင်သွင်းမှုအား ကန့်သတ်၊ ဆေးပစ္စည်းများ ဈေးမြင့်တက်ဖွယ်ရှိနေ

CoverLogo
654 Views

အာဏာသိမ်းစစ်ကောင်စီက ပြည်ပဆေးဝါး ဝယ်ယူတင်သွင်းနေတဲ့ ကုမ္ပဏီတွေကို တင်သွင်းခွင့် လိုင်စင် အသစ်  ပြန်လည် လျှောက်ခိုင်းတာကြောင့် ဆေးဝါးတွေ ဈေးမြင့်တက်လာနိုင်တယ်လို့ ဆေးဝါးရောင်းချသူတွေဆီက သိရပါတယ်။

 
“ဆေးတွေက  ခုတောင် ပစ္စည်းပြတ်တာတွေရှိတယ်။ ကလေးအားဆေးတွေ၊ Zinc တွေ ချောင်းဆိုး ပျောက်ဆေး တွေ  ဆိုရင်  ပြတ်နေတာ။ ဈေးကလည်း မတရားကိုတက်လာတော့  ဆေးဆိုင်မှာဆို ထပ်မတင်တော့ဘူး။ ဘန်ဒါ ၅၀၀ ဆိုရင်အရင်က ၁၇၀၀ ကနေ ၃၀၀၀ လောက် အထိ ဖြစ်သွားပြီ။ ခုလတ်တလောမှာကို တက်တာ။”  လို့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ 


ဆေးဝါးတင်သွင်းမှု ကန့်သတ်ချက်အသစ်ကြောင့် ဆေးကုမ္ပဏီကြီးတွေနဲ့ ဆေးဝါးတင်သွင်းမှု လုပ်ငန်းတွေ ခက်ခဲ  လာနိုင်တဲ့အပြင် ဈေးကွက်အတွင်း ဆေးပစ္စည်းစျေး တွေ ဆက်လက်မြင့်တက်လာနိုင်ဖို ရှိနေတယ်လို့ ရန်ကုန်  အခြေစိုက် ဆေးနှင့်ဆေးပစ္စည်း တင်သွင်းရောင်းချတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။


ပြည်ပနိုင်ငံတွေက တင်သွင်းတဲ့ဆေးဝါးတွေ အခုနှစ်အတွင်း သိသိသာသာ စျေးမြင့်တက်လာပြီး ဆေးဝါး ပြတ်လပ်မှု တွေကိုပါ  ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကနေ ပိုကုန်ရငွေတင်ပြနိုင်မှသာ ဆေးဝါး  တင်သွင်းမှုကို ခွင့်ပြုမယ်လို ထုတ်ပြန်ခဲ့တဲ့အပြင် လျှောက်ထားတဲ့ ဆေးဝါးတင်သွင်းခွင့် လိုင်စင်တွေကိုပါ  အသစ် ပြန်လည်လျှောက်ထားရမယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။  
အဲဒီထုတ်ပြန်ချက်က စက်တင်ဘာ ၁ ရက်မှာ စတင်အကျုံးဝင်မှာဖြစ်တယ်လို့လည်း ဆေးကုန်သည်အသင်းကို ပေးပို့တဲ့   စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဩဂုတ် ၂၈ ရက်စွဲပါ အကြောင်းကြားစာမှာ  ဖော်ပြပါတယ်။ 


ဒါ့အပြင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဆီ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း လျှောက်ထားခဲ့တဲ့ ဆေးကုမ္ပဏီ ၁၁၆ ခုရဲ့ သွင်းကုန် လိုင်စင်လျှောက်လွှာတွေကိုပါ လက်ရှိမူဝါဒအသစ်နဲ့  ပြန်လည်လျှောက်ထားရမယ်လို့လည်း  သိရပါတယ်။ 


"ခုလိုဆိုရင် စျေးက  ထပ်တက်ပြီပေါ့။ ခုတောင် Deflon ဆေးဝယ်တာ။ အရင်က တစ်ကဒ်ကို လေးထောင်ပဲ ပေးရတယ်။ နဲနဲတော့  ကြာပြီ။ ပြီးခဲ့တဲ့လကတော့ ကဒ်မဟုတ်ဘူး။ တစ်လုံးချင်းဝယ်တာတစ်လုံး ၁၅၆၀ ပေးရ တယ်။ အခု  တစ်လုံး နှစ်ထောင်တောင်  ဖြစ်နေပြီ။  အားဆေးတို့ Zinc တို့ဆို ဝယ် မရဘူး။ တားဆေးတွေဆို တစ်ကဒ် နှစ်ထောင်ဝန်းကျင်ကနေ အခု လေးထောင်ကျော်နေပြီ" လို့ အရှေ့ဒဂုံမှာ  နေထိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။   


စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေ ဒေါ်လာ အကျပ်အတည်းဖြစ်ပေါ်ချိန် ဆေးပစ္စည်းတင်သွင်းမဲ့  ကုမ္ပဏီတွေရဲ့ လိုင်စင်လျှောက်ထားမှုကို ဒေါ်လာနဲ့ အပြင် တရုတ်ယွမ်၊ အိန္ဒိယရူပီးတို့နဲ့ပါ ခွင့်ပြုထားတယ်လို့ သိရပါတယ်။  ပိုကုန်ရငွေမဟုတ်တဲ့ အခြားနိုင်ငံခြားငွေနဲ့လည်း ဆေးဝါးတင်သွင်းခွင့် လျှောက်ထားနိုင်ခဲ့တာ ဖြစ်ပေမဲ့ ထုတ်ပြန်ချက်အရ ဆေးဝါးသွင်းမည့်ငွေကြေးက ပို့ကုန်တင်ပို့ရာမှ ရရှိသောငွေ ဖြစ်မှာ ဖြစ်ပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026