NEWS

ဆေးကုမ္ပဏီများ က သုံးစွဲသူများထံ ဆေးဝါးများ ယနေ့မှ စပြီး တိုက်ရိုက်ရောင်းချပေးသွားမည်ဟုဆို

CoverLogo
758 Views
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်မှ စတင်ကာ ဆေးကုမ္ပဏီတွေ က သုံးစွဲသူပြည်သူတွေ ထံ ကို ဆေးဝါးများ တိုက်ရိုက်ရောင်းချပေးသွားမယ်လို့မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
 
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နဲ့ ဆေးဝါးသုံးစွဲသူ ပြည်သူ အများ သင့်တင့်မျှတသော ဈေးနှုန်းများနဲ့ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ဖို့ နှင့်ဆေးဝါးများ မပြတ်လပ်စေရေးစတဲ့ ရည်ရွယ်ချက် တွေ နဲ့ ရောင်းချပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဆေးဝါးတွေ ကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
 
ရောင်းချပေးမှုကို ယနေ့ ဇူလိုင်လ ၁၇ ရက်မှ စတင်ကာ အပတ်စဥ်တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးဝါးများရောင်းချပေးသွားမည်ဖြစ်တယ်လို့ ကြေညာထားပါတယ်။
လက်ရှိမှာ ဆေးကုမ္ပဏီ ၄၀ကျော်က မဖြစ်မနေ နေ့စဉ် သုံးစွဲနေရတဲ့ သွေးတိုး၊ဆီးချို ၊နှလုံးဆေးဝါးတွေအပြင် အခြားဆေးဝါးတွေ ကို ရောင်းချပေး မယ်လို့ သိရပါတယ်။
 
ယခုကာလမှာ နိုင်ငံခြားငွေကြေးမြင့်တတ်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေကြောင့် ဆေးဝါးအများစုမှာဈေးနှုန်း မြင့်တတ်လာသလို အချို့ဆေးဝါးတွေ လည်း ဈေးကွက်အတွင်း ဝယ်ယူမရတဲ့ အတွက် နာမကျန်းဖြစ်သူတွေ နဲ့ဆေးဝါးသုံးစွဲရန် လိုအပ်သူတွေ မှာ အခက်ခဲ ဖြစ်နေရတယ်လို့ သိရပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026