NEWS

ဆန်တန်ချိန်၂၅ တန်နှင့်အထက်သိုလှောင်ရုံများအား မှတ်ပုံတင်ခိုင်း၊ လစဉ် ကုန်ရ ကုန်ထုတ် စာရင်းများပါပေးပို့ရမည်ဟုဆို

CoverLogo
247 Views
 
ဆန်တန်ချိန် ၂၅တန်နဲ့အထက်သို့မဟုတ် စပါးတင်း၂၅၀၀ နဲ့အထက် သိုလှောင်ထားတဲ့ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်တွေအနေနဲ့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမှာဖြစ်သလို လစဉ် ကုန်ရ၊ ကုန်ထုတ်နဲ့ကုန်လက်ကျန်စာရင်းတွေကိုပါ ပေးပို့ရမယ်လို့ စစ်ကော်မရှင်ရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ပါတယ်။
 
စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလိုငှာ ဆန်တန်ချိန် ၂၅ တန်နဲ့ အထက် (သို့မဟုတ်) စပါး တင်း ၂,၅၀၀ နှင့်အထက် သိုလှောင်ထားရှိတဲ့ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်တွေဟာ မြန်မာဆန်စပါး အွန်လိုင်း (MyRO) မှာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ကို လျှောက်ထား ရန် စစ်ကော်မရှင်ရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ရက်မှာ ထုတ်ပြန်ထားပြီးဖြစ်လို့ မပျက်မကွက်လိုက်နာကျရန် အသိပေးထားပါတယ်။
 
မြန်မာဆန်စပါးအွန်လိုင်း (MyRO) စနစ်မှာ မှတ်ပုံတင်ထားပြီးဖြစ်တဲ့ သိုလှောင်ရုံများအနေ နဲ့ လစဉ်လဆန်း ၁ ရက်မှ ၇ ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းတွေကို MyRO Website ရှိ မိမိရဲ့ Account တွင် မပျက်မကွက် စာရင်းထည့်သွင်းပေးရမယ်လို့လည်း ဆိုပါတယ်။
 
စာရင်းထည့်သွင်းရာမှာလည်း ပြည့်စုံမှန်ကန်တဲ့ အချက်အလက်များ ကိုသာ တာဝန်ယူ တာဝန်ခံ ထည့်သွင်းပေးရန် နဲ့ အခါအားလျော်စွာ လာရောက်စစ်ဆေးတာကိုလည်း ပူးပေါင်းပါဝင်ဖို့အသိပေး နှိုးဆော်ထားပါတယ်။
 
သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထား မှု ပျက်ကွက်လျှင်ဖြစ်စေ၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်း တွေကို ပြည့်စုံမှန်ကန်စွာ သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ခြင်း မရှိလျှင်ဖြစ်စေ အရေးယူခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခြင်းများ ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
 
ယခုအကြောင်းများနဲ့ပက်သက်ပြီး သိရှိလို တာများရှိပါက www.myro.com.mm တွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးများတွင် လည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရုံးတွင်လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်တယ်လို့ အသိပေးထားပါတယ်။
 

Related posts

Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026