NEWS

စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို

CoverLogo
715 Views
 
စက်သုံးဆီချွေတာရေး အတွက် မတ်လ၇ ရက်မှ စတင်သတ်မှတ် လိုက်တဲ့ စုံရက် မရက် ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့် စနစ် ကို ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ သို့မဟုတ် ဒဏ်ငွေ ကျပ်၂သောင်းသို့မဟုတ် ဒဏ်နှစ်ရက်လုံး ကျခံ နိုင်တယ်လို့ စစ်ကော်မရှင် လက်အောက်ခံ နေပြည်တော် ယာဉ်ထိန်းရုံးရဲ့ မတ်လ၆ရက် နေ့စွဲဖြင့် ထွက်ရှိသည့် လျှို့ဝှက် အမိန့် အရ သိရပါတယ်။
 
လျှို့ဝှက်အမိန့်စာထဲတွင် စုံရက် မရက် ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့် စနစ် ကို ချိုးဖောက်မှုရှိမရှိ ကို စစ်ဆေးအရေးယူရန် အတွက်ဌာနစုံပါဝင်တဲ့ One Stop Service အဖွဲ့ များ ဖွဲ့စည်းပြီး နေပြည်တော်၊ရန်ကုန်၊မန္တလေး မြို့ ကြီးတွေမှာ One Stop Service အဖွဲ့ ၂ဖွဲ့မှ ၃ဖွဲ့ဖြင့် နေရာခွဲ ၍ဆောင်ရွက်ရန် နဲ့ ကျန်မြို့နယ်များတွင် One Stop Service အဖွဲ့၁ဖွဲ့ ဖြင့် စစ်ဆေး ဆောင်ရွက် သွားမယ်လို့ ပါရှိပါတယ်။
 
မတ်လ၇ရက်မှ ၁၃ရက်အထိကို တော့ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ပြီး ပြစ်ဒဏ်ပေးမှု မရှိသေးပေမယ့် မတ်လ၁၄ရက်မှစတင်ကာ သက်ဆိုင်ရာအမိန့်ကြော်ငြာ စာတစ်စုံတရာ မထုတ်ပြန်မချင်း အခုသတ်မှတ်ချက်အကျုံးဝင်ပြီး လိုက်နာမှု မရှိပါက အရေးယူ သွားမယ်လို့ သိရပါတယ်။
 
"ဒီနေ့ ပဲခူး မြို့ထဲမှာ ဆိုင်ကယ် တွေကားတွေကို စစ်ဆေးတယ် မတ်လ ၁၃ရက် အထိ ကိုတော့ အရေးမယူသေးဘူး အဲ့ နောက်ပိုင်းကို သတ်မှတ်ရက်အတိုင်း မောင်းနှင် ဖို့ စည်းကမ်းမလိုက်နာရင် အရေးယူမယ်လို့ ယာဉ်ထိန်းရဲတွေ ပြောတယ်""လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
မတ်လ၁၄ရက်ကစပြီး သတ်မှတ်ချက်အတိုင်း မလိုက်နာသူတွေကို ရာဇသတ်ကြီးပုဒ်မ၁၈၈ အရ ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ်၁လ ၊ငွေဒဏ် ကျပ်၂သောင်း ၊သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရမယ်လို့ ပြဌာန်းထားတယ်လို့ သိရပါတယိ။
 
Photo-TPK fb

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026