NEWS

စားအုန်းဆီ သတ်မှတ်ဈေးနဲ့ မြေပြင်ပေါက်ဈေး အဆမတန်ကွာဟနေ

CoverLogo
500 Views

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ယခုတစ်ပတ်အတွက် ရန်ကုန်အထိုင်စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၅၄၁၅)ကျပ်လို့  ရည်ညွှန်းသတ်မှတ်ထားပေမဲ့လည်း ပြင်ပပေါက်စျေးမှာတော့ ၁၃၀၀၀ အထိရှိနေတယ်လို့ သိရပါတယ်။ 

"ကျွန်တော်တို့က အကြော်ရောင်းတော့ဆီက နည်းနည်းမရဘူး။ သက်သာချင်လို့သူတို့ဟာစောင့်ဝယ်လည်းတစ်ပိဿာအပြင်ပိုမရဘူး။ တိုးတဲ့သူတွေဆီကပြန်ဝယ်လည်း ၁၂၀၀၀ ဈေးပဲပေးရတယ်။ အပြင်မှာဆယ်ပိဿပုံးဝါ၂ပုံးယူ ၁၂၀၀၀ စျေးကနေ ၁၃၀၀၀ အထိရှိနေတယ်။ မန္တလေးဆို ၁၄၀၀၀ အထိရှိတယ်။ စျေးကမကျဘူး" လို့ အကြော်ရောင်းချသူတစ်ဦးကဆိုပါတယ်။ 

စစ်ကောင်စီကလက်အောက်ခံ စားဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်တဲ့ဈေးနှုန်းမှာ ဇွန် (၁၅) ရက်မှ (၂၁) ရက် အထိ တစ်ပတ်တာ ရောင်းချရမည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးကိုသတ်မှတ်ကြေညာပေးပေမဲ့  ပြင်ပစျေးကွက်မှာတော့ ကြိုက်စျေးဖြင့်သာဆက်လက်ရောင်းချနေတာဖြစ်ပြီး အမြင့်စျေးအတိုင်းဆက်လက်တည်ရှိကာ စစ်ကောင်စီသတ်မှတ်စျေးကတော့ပြီးခဲ့တဲ့  တစ်ပတ်ကဈေးနှုန်းထက် တစ်ပိဿာလျင် (၂၅) ကျပ် ဈေးမြင့်လာခြင်း ဖြစ်ပါတယ်။ 

စစ်ကောင်စီက  အပတ်စဉ် စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိရာ ပြီးခဲ့တဲ့တစ်ပတ်တာဇူလိုင်၇ရက်မှ ဇူလိုင်၁၄ရက်အထိ သတ်မှတိစျေးနှုန်းဟာ ၅၃၉၀ ဖြစ်ပြီးပြင်ပလက်လီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး တစ်ပိဿာ (၁၂၀၀၀)ကျပ်မှ (၁၃၀၀၀) ကျပ်ဝန်းကျင် ရောင်းဝယ်လျက်ရှိနေကာ အမြင့်စျေးတန်းနဲ့ပဲဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ 

 


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025