NEWS

စားအုန်းဆီ ဝယ်ယူဖို့ သန်းခေါင်စာရင်းနဲ့ ဓါတ်ပုံတွေတောင်းခံမှု ပြည်သူအချို့စိုးရိမ်နေ

CoverLogo
498 Views
 
ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ အိမ်ထောင်စုအလိုက်စားဆီစာအုပ်ပြုလုပ်ကာ ရပ်ကွက်တစ်ချို့မှာစတင်ရောင်းချနေပါတယ်။ ဆီစာအုပ်နဲ့ဝယ်ယူခွင့်ရရှိဖို့ သန်းခေါင်စာရင်းမှာပါတဲ့ လူဦးရေ အရေအတွက်ကိုစာရင်းဖြည့်သွင်းရ‌တာကြောင့်မိသားစုတစ်ချို့ကလည်းဆီစာအုပ်လုပ်ဖို့ကိုစိုးရိမ်စိတ်တွေရှိနေပါတယ်။
 
သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေကိုလိုက်လံအသိပေးပြီး အိမ်ထောင်စုလူဦးရေးစာရင်းကောက်ယူနေသလို ရပ်ကွက်ရုံးမှာလာရောက်လုပ်ဆောင်ဖို့လည်း လိုက်လံအသိပေးမှုတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
"သားတွေကလည်း ဒီမှာမရှိဘူးလေ။အခုမှစာရင်းတွေပြန်ကောက်ပြီး ကလေးတွေပါမေးနေရင် အဆင်မပြေဘူးထင်လို့ မထုတ်တော့ဘူး။ သူတို့ဆီက ပုံမှန်လေးရနေရင်တော့ အပြင်မှာဆီဈေးကျမှာပါ။ အဲဒီတော့အပြင်မှာပဲ ဝယ်စားတော့မယ်"လို့ မိခင်တစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာဆီစာအုပ်တစ်အုပ်ကိုကျပ် ၆၀၀ နဲ့ ရောင်းချနေပြီးတစ်ချို့နေရာတွေမှာတော့အကြွေအခက်အခဲအကြောင်းပြပြီးကျပ်တစ်ထောင်ထိတောင်းခံတယ်လို့သိရပါတယ်။
 
"အမတို့ဘက်တော့တစ်ခေါက်ရပြီ။စာအုပ်နဲ့ဝယ်ရတာ။သူတို့ပုံမှန်ဆီစာရွက်လေးနဲ့စာအုပ်ပေးတယ်။သန်းခေါင် စာရင်းမိတ္တူကိုရာအိမ်မှူးတစ်စောင်၊ ဆီဆိုင်မှာတစ်စောင်ပေးရတယ်။ဆီဈေးကတော့ငါးဆယ် သားကို ၃၄၅၀ ပေးရတယ်။ငါးဆယ်သားအပြည့်မရဘူး။ နောက်ဘယ်နေ့တွေရမယ်ဆိုတာ ဘယ်သူမှ တိတိကျကျမပြောနိုင်ဘူး"လို့ဆီစာအုပ်နဲ့ဝယ်ယူထားသူတစ်ဦးကပြောပါတယ်။
ရပ်ကွက်တစ်ချို့မှာတော့ ဆီစာအုပ်ပြုလုပ်နိုင်ဖို့ ဧည့်စာရင်းနဲ့နေထိုင်သူတွေက စာအုပ်တွေထပ်ထားပေမယ့် အချိန်ရွှေ့ဆိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
 
သမဝါယမစနစ်အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုပြီးနောက် စားအုံးဆီကို သန်းခေါင်စာရင်း နဲ့ အချက်အလက်တွေ ကောက်ခံပြီး အိမ်ထောင်စုအလိုက် ခွဲတမ်းချကာ ရောင်းချဖို့လုပ်ဆောင်နေတာပါ။
 
ရန်ကုန်တိုင်းထဲက မြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စားအုံးဆီဝယ်ယူရာမှာ သတ်မှတ်ပေးထားတဲ့ ဆီဝယ်ယူခွင့်ရစာအုပ်တွေနဲ့သာ ဝယ်ယူနိုင်ဖို့အတွက် စစ်ကောင်စီဘက်ကလုပ်ဆောင်နေပြီး အဆိုပါ စာအုပ်ပါမှသာ ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးမှာဖြစ်တယ်လို့ သိရပြီး မြေပြင်ပေါက်ဈေးနဲ့ အဆမတန် ကွာဟမှုတွေကြောင့်လည်း တပိုင်တနိုင်လုပ်ငန်းလုပ်ဆောင်သူတွေက စားအုန်းဆီအတွက် အခက်အခဲတွေဖြစ်ပေါ်နေကြပါတယ်။
 
စားအုန်းဆီအပြင် စက်သုံးဆီဝယ်ယူခွင့်ကို ဆီထုတ်စမတ်ကတ်များဖြင့်သာ ဆောင်ရွက်ရန် လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Related posts

Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026
Cover
အလှည့်ကျ မီးပေးစနစ် ပြန်စမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
စက်သုံးဆီဝယ်ယူမရ၍ ရန်ကုန်က ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းသူများ အခက်ကြုံနေ
Mar 22, 2026
Cover
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့ ဆန်ရောင်းချမှု ယာယီရပ်နားဟု MRF ကြေညာ
Mar 22, 2026
Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026