NEWS

စပါး အခြေခံရည်ညွှန်းဈေး ကျပ် (၉၅၀,၀၀၀) သတ်မှတ်မှု ​တောင်သူ​လယ်သမားတွေအတွက် ကိုက်ညီမှုမရှိ

CoverLogo
1.1K Views
 
၂၀၂၄ ခုနှစ် မိုးစပါးနဲ့ ၂၀၂၅ ခုနှစ် နွေစပါးတို့ ရောင်းချရာမှာ အစိုဓာတ် (၁၄) ရာခိုင်နှုန်း၊ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ကို အခြေခံရည်ညွှန်းပေါက်ဈေး (၉၅၀,၀၀၀) ကျပ် သတ်မှတ်လိုက်ပါတယ်။
 
ဒီနှုန်းထားကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင်တင်​ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာလ (၁၉) ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
 
ကြေညာချက်မှာတော့ ပြင်ပပေါက်ဈေးကို အဓိကထား အရောင်းအဝယ် ပြုလုပ်ဖို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။
“ဒီဈေးနဲ့ ဘယ်လိုမှ အရောင်းအဝယ် မဖြစ်ပါဘူး။ အပြင်မှာက စရိတ်တွေ မနည်းဘူးလေ။ မြေပြင်အခြေအနေနဲ့ မညီတဲ့ဈေးတွေဖြစ်နေတော့ လူရယ်စရာကြီးပေါ့” လို့ ဆန်၊ စပါး ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
 
လက်ရှိမိုးစပါးရိတ်သိမ်းချိန်ကာလမှာ သက်ငယ်စပါး တင်း ၁၀၀ အတွက် ​ပေါက်​ဈေး ၁၆ သိန်း ၉ ​သောင်း၀န်းကျင်ရှိ​နေပြီး အဲ့ဒီနှုန်းထားဟာလည်း တစ်ဧကလျှင် စပါးတင်း ၄၀ အထက်နှုန်းနဲ့ထွက်ရှိမှသာ အရင်း​ကြေရုံသာရှိတယ်လို့ စပါးစိုက်သူတစ်ဦးက​ပြောပါတယ်။
 
လက်ရှိမှာတော့ ဒီကနေ့ ထုတ်ပြန်တဲ့ အခြေခံရည်ညွှန်းဈေးနဲ့ ပတ်သက်ပြီး ဆန်၊ စပါးရောင်းဝယ်ရေး ဆိုင်ရာ လူမှုကွန်ယက် တွေမှာ ဝေဖန်တာတွေလည်း ရှိနေပါတယ်။
 
အများစုရဲ့ ဝေဖန်ချက်မှာတော့ သတ်မှတ်နှုန်းထား ခေတ်စနစ်နဲ့ မညီသလို ဓာတ်မြေဩဇာဈေး၊ အလုပ်သမားခ၊ ရိပ်ချွေစရိတ်၊ သယ်ယူစရိတ်၊ စက်သုံးဆီဈေးစတဲ့ ကုန်ကျစရိတ်တွေကို ထည့်သွင်းတွက်ချက်ဖို့ ထောက်ပြတာတွေ ရှိနေပါတယ်။
 
ဒီလိုဈေးနှုန်း သတ်မှတ်တာကိုတော့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ဖြစ်ပေါ်စေရေး အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာနေတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
 
လက်ရှိမှာ ပြည်တွင်းဈေးကွက်မှာ စပါးရောင်းချတာ၊ ဆန်ရောင်းချတာတွေအတွက် သတ်မှတ်ဈေးနှုန်းတွေဟာ မြေပြင်အခြေအနေတွေနဲ့ ကွာဟတာတွေ များနေပါတယ်။ ဒီအခြေအနေကြောင့်လည်း ပြင်ပဈေးကွက်ကို ထိန်းချုပ်ရ ပိုမိုခက်ခဲလာတယ်လို့ ဆန်၊စပါး လုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
 
ဆန်​ဈေးနှုန်း​တွေအ​နေနဲ့ အ​ခြေခံပြည်သူ​တွေ စားသုံးမှုများတဲ့ ဆန်ကြမ်း တအိတ်ကို တသိန်း တ​သောင်းကျပ် အနည်းဆုံးရှိ​နေပြီး ​ပေါ်ဆန်း ( ရှယ်) ၂၄ ပြည် တအိတ်လျှင် ၂၂၀၀၀၀ ကျပ်၀န်းကျင်ရှိ​နေ ပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026