NEWS

စစ်ကောင်စီလက်ထဲမှာ ၂ လကျော်ကြာပျောက်ဆုံးနေတဲ့ဆရာတော်ဦးပညာသီဟ

CoverLogo
2.4K Views

"ဆရာတော်က သူ့ဆရာတွေဒုက္ခရောက်မယ်စိုးလို့ရွာပြန်ကြွတာ ရွာကကျောင်းကိုရောက်ခါနီးမှဒီမှာသူ့ဆရာကိုကျောင်းမှာလာဝိုင်းပြီးအကြပ်ကိုင်ထားတော့ပြန်အဖမ်းခံလိုက်တာခုထိဘာသတင်းမှမရဘူး"လို့စက်တင်ဘာလ၂၉ ရက်နေ့ထဲကစစ်ကောင်စီတပ်တွေမေးစရာရှိတယ်ဆိုပြီးဖမ်းဆီးသွားတဲ့မန္တလေးကင်းဝန်ကျောင်းတိုက်ကဆရာတော်ဦးပညာသီဟရဲ့ညီတော်ဖြစ်တဲ့သံဃာ့သမဂ္ဂအဖွဲ့ဝင်ဆရာတော်တပါးက MLN ကိုမိန့်ပါတယ်။

ပုံမှန်ဆိုရပ်ကျိုးရွာကျိုးနဲ့ပရဟိတလုပ်ငန်းတွေကိုပုထုဇဥ်တွေနဲ့ရင်ပေါင်တန်းပြီးလုပ်နေတဲ့ဆရာတော်ဦးပညာသီဟဟာ ဘယ်လိုပြစ်မှု့မျိုးနဲ့မှရင်ဆိုင်စရာဖြေရှင်းစရာမလိုတဲ့ဆရာတော်တပါးလို့ဆိုရမှာပါ။

ဒါပေမယ့်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဆရာတော့်အပေါ်စစ်ကောင်စီတပ်တွေကအမှု့ဆင်ပြီးစစ်ဆေးဖို့မျက်စပစ်လာပါတော့တယ်။

"နောင်တော်ကရပ်ကျိုးရွာကျိုးတအားလုပ်ပေးခဲ့တဲ့ဆရာတော်တပါးပါ။ရေတွင်းရေကန်ရွာလမ်းကအစပေါ့လေခုလိုဖြစ်သွားတာတကယ်စိတ်ပျက်ရသလိုစိတ်လဲတအားပူရပါတယ်"လို့ဆရာတော်ဦးပညာသီဟရဲ့ညီတော်ကမိန့်ပါတယ်။

ဆရာတော့်ရဲ့ညီတော်ကိုတော့စစ်ကောင်စီဖက်က၅၀၅နဲ့ဖမ်းဝရမ်းထုတ်ထားပြီးဇာတိရွာမှာပါလိုက်လံဖမ်းဆီးဖို့အထိလုပ်နေတဲ့အပြင်ဖမ်းဆီးခံထားရတဲ့ဆရာတော်ဦးပညာသီဟရဲ့ခမည်းတော်နဲ့မယ်တော်အပါအဝင်ဆွေမျိုးတွေပါတိမ်းရှောင်နေရပါတယ်။

ဆရာတော်ဦးပညာသီဟကမန္တလေးကင်းဝန်မင်းကြီးတိုက်ကလက်ထောက်ဆရာတော်တပါးပါ။

သူ့ကိုစစ်ကောင်စီတပ်ကမန္တလေးသံဃာ့သမဂ္ဂသပိတ်တွေမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၂၈ ရက်နေ့မှာတကြိမ်၊၂၉ရက်နေ့မှာတကြိမ်ဖမ်းဆီးသွားခဲ့တာပါ။

"ပထမကျောင်းကိုလာဝိုင်းပြီးလာခေါ်တုန်းကမြို့သစ်ဖက်ကိုခေါ်သွားတယ်ပြောတယ်။ပြီးမှနောက်တခေါက်ဆရာတော်ခရီးထွက်နေတုန်းထပ်လာဖမ်းတာဖုန်းဆက်ပြီးအကြပ်ကိုင်တော့ဆရာတော်ကကျောင်းကကိုယ်တော်တွေထိမှာဆိုးလို့လာအဖမ်းခံလိုက်တာ"လို့ လာရောက်ဖမ်းဆီးတဲ့ဖြစ်စဥ်ကိုသိခဲ့ရတဲ့ဆရာတော်တပါးက MLN ကိုမိန့်ပါတယ်။

အောက်တိုဘာ၂ရက်နေ့က မန်းသဃာ့သမဂ္ဂသပိတ်ဖြိုခွဲခံရစဥ်ဖမ်းဆီးခံခဲ့ရတဲ့သံဃာတော်အချို့အိုးဘိုထောင်‌‌ ရောက်လာပေမယ့်ဆရာတော်ပါမလာခဲ့ဖူးလို့လဲနီးစပ်သူတွေကဆိုပါတယ်။

"ခုဟာကဘယ်ရောက်လို့ရောက်မှန်းလဲမသိတော့စိတ်ပူတယ်။မိဘတွေကရောသူ့သားကြီးဘယ်ရောက်နေလဲဆိုပြီးတော့တရားစွဲတယ်ဆိုလဲဘာမှု့နဲ့ဆွဲတာဘယ်နေရာရောက်နေပြီဆိုတာသိရရင်တမျိုးပေါ့။ ခုကသတင်းပဲကြားတာလက်တွေ့အဆက်အသွယ်မရဘူး"လို့ဆရာတော်ဦးပညာသီဟရဲ့ညီတော်ကပြောပါတယ်။

ဒီလို့ဖြစ်စဥ်တွေဟာရန်ကုန်မန္တလေးလိုမြို့ကြီးတွေအများစုမှာဖြစ်နေပြီးစစ်ကောင်စီဖမ်းဆီးသွားတဲ့ရဟန်းရှင်လူပြည်သူတွေဟာမိသားစုနဲ့ဆက်သွယ်ခွင့်မရတဲ့အပြင်သူတို့ကိုဘယ်လိုအမှု့မျိုးနဲ့စွဲချက်တင်မယ်ဆိုတာမသိရပါဘူး။

ယခုလို
ဆရာတော် ဦးပညာသီဟကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အဆက်အသွယ် ဖြတ်တောက်ထားသည့်အပေါ် စိုးရိမ်ပြီး စစ်အုပ်စုအနေဖြင့် နီးစပ်သူများထံ အသိပေးသင့်ကြောင်း သံဃသမဂ္ဂ - မန္တလေးမှ ဆရာတော်တပါးကမိန့်ပါတယ်။

"ခုဟာကစစ်မေးယုံပဲဆိုပြီးခေါ်သွားတာအမှု့မလုပ်ဖူးဆိုပြီးပြောပြီးတော့ဖမ်းသွားတာ။ခုလိုတွေဖြစ်ကုန်တာပေါ့သူကလဲဆရာတော့်ကိုငဲ့ပြီးပြန်သွားတာ"လို့သံဃာ့သမဂ္ဂမှဆရာတော်တဦးကပြောပါတယ်။

ဆရာတော့်ကိုမဖမ်းဆီးခင်
ပြီးခဲ့တဲ့ အောက်တိုဘာ(၂)ရက် နေ့လည်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မော် အနောက်ရပ်ကွက်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည့် မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို စစ်ကောင်စီ လက်နက်ကိုင်များက သေနတ်ပစ်ဖောက်၊ ကားဖြင့်တိုက်၊ ရိုက်နှက်၍ သံဃာတော် ငါးပါးနှင့် လူသုံးဦးကို အကြမ်းဖက် ဖမ်းဆီးခဲ့ပါသေးတယ်။

အဲ့ဒီ့ဖြိုခွင်းခံရမှု့မှာ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဥူးသီရိန္ဒနှင့် ဥူးသုစိတ္တ၊ ဗန်းမော်တိုက်မှ ဥူးဝိလာသ၊ မြင်းဝန်တိုက်မှ ဥူးရေဝတနှင့် ရှမ်းစု ဆီးဘန်းနီတိုက်မှ ဥူးဝီရိဓမ္မ တို့ ဖြစ်ပြီး ယင်းဆရာတော်၊ သံဃာတော်များအား စစ်ကောင်စီက လူဝတ်လဲကာ အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်၍ ဖမ်းဆီးချုပ်နှောင် တရားစွဲထားတယ်လို့သိရပါတယ်။

လက်ရှိစစ်ကောင်စီဖက်ကဖမ်းဆီးထားတဲ့မန္တလေးကင်းဝန်မင်းကြီးစာသင်တိုက်ကဆရာတော်ဦးပညာသီဟရဲ့အခြေအနေနဲ့ပတ်သက်ပြီး သမဂ္ဂကဆရာတော်တွေနဲ့ဒါယိကာတွေအပါအဝင်မိဘဆွေမျိုးတွေကလဲစိတ်ပူနေကြတယ်လို့သိရပါတယ်။


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026