NEWS

စက်သုံးဆီဈေးနှုန်းနဲ့ ဒေါ်လာစျေးထပ်မံမြင့်တက်

CoverLogo
496 Views

ယခုတစ်ပတ်အတွက်  ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာယခင်ထက် ထပ်မံမြင့်တက်လာတယ်လို့  စက်သုံးဆီအရောင်းဆိုင်တွေမှာ ရောင်းချလျက်ရှိတဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။ 

"စက်သုံးဆီကထပ်တက်လာတယ်။ ပိုဆိုးတာက ငွေကြေးပြဿနာတွေ K pay တွေမှာတောင် ထုတ်ရခက်လာတော့ ဒီအ​ခြေအနေတွေထက်ပိုဆိုးလာရင် ကုန်စျေးနှူန်းတွေကပါထပ်တက်လာမယ်။ ဘာတွေဖြစ်လာမယ်မသိဘူး ငတ်ဖို့သေချာသလောက်ပါပဲ" လို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးကပြောပါတယ်။ 

ဇူလိုင်လ ၁၂ ရက် စက်သုံးဆီဆိုင်များမှာ ရောင်းချလျက်ရှိတဲ့ ယခုတစ်ပတ် ဈေးနှုန်းများဟာ  ၉၂ တစ်လီတာ ၂၇၀၀ ကျပ်၊ ၉၅ တစ်လီတာ ၂၈၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၈၉၀ ဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့တစ်ပတ်တာ  ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၈၅ ကျပ်၊ ၉၅ တစ်လီတာ ၂၈၁၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၉၁၅  ဖြစ်တာကြောင့် ယခင်ကထက်အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ 

ဒါ့အပြင် စက်သုံးဆီစျေးနှုန်းမြင့်တက်မှုသာမက  အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်မှ ၄၆၀၀ ဝန်းကျင်ဖြစ်ပြီး ဇူလိုင်၁၂ရက်နေ့မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်၄၈၀၀ ကနေ ကျပ် ၅၀၀၀ ဝန်းကျင်အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြည်တွင်းဘဏ်တွေ မှာလည်း အမေရိကန်တစ်ဒေါ်လာလျှက် ကျပ်၃၆၀၀နဲ့နှုန်းထားပြသထားပေမဲ့ အမှန်တကယ်မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင်  ကျပ်၄၂၀၀ ဝန်းကျင်နှုန်းထားအထိ ဖြတ်တောက်လာတယ်လို့ သိရပါတယ်။ 


Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026