NEWS

စက်သုံးဆီဈေးနှုန်းနဲ့ ဒေါ်လာစျေးထပ်မံမြင့်တက်

CoverLogo
429 Views

ယခုတစ်ပတ်အတွက်  ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာယခင်ထက် ထပ်မံမြင့်တက်လာတယ်လို့  စက်သုံးဆီအရောင်းဆိုင်တွေမှာ ရောင်းချလျက်ရှိတဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။ 

"စက်သုံးဆီကထပ်တက်လာတယ်။ ပိုဆိုးတာက ငွေကြေးပြဿနာတွေ K pay တွေမှာတောင် ထုတ်ရခက်လာတော့ ဒီအ​ခြေအနေတွေထက်ပိုဆိုးလာရင် ကုန်စျေးနှူန်းတွေကပါထပ်တက်လာမယ်။ ဘာတွေဖြစ်လာမယ်မသိဘူး ငတ်ဖို့သေချာသလောက်ပါပဲ" လို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးကပြောပါတယ်။ 

ဇူလိုင်လ ၁၂ ရက် စက်သုံးဆီဆိုင်များမှာ ရောင်းချလျက်ရှိတဲ့ ယခုတစ်ပတ် ဈေးနှုန်းများဟာ  ၉၂ တစ်လီတာ ၂၇၀၀ ကျပ်၊ ၉၅ တစ်လီတာ ၂၈၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၈၉၀ ဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့တစ်ပတ်တာ  ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၈၅ ကျပ်၊ ၉၅ တစ်လီတာ ၂၈၁၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၉၁၅  ဖြစ်တာကြောင့် ယခင်ကထက်အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ 

ဒါ့အပြင် စက်သုံးဆီစျေးနှုန်းမြင့်တက်မှုသာမက  အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်မှ ၄၆၀၀ ဝန်းကျင်ဖြစ်ပြီး ဇူလိုင်၁၂ရက်နေ့မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်၄၈၀၀ ကနေ ကျပ် ၅၀၀၀ ဝန်းကျင်အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြည်တွင်းဘဏ်တွေ မှာလည်း အမေရိကန်တစ်ဒေါ်လာလျှက် ကျပ်၃၆၀၀နဲ့နှုန်းထားပြသထားပေမဲ့ အမှန်တကယ်မှာတော့ အမေရိကန်တစ်ဒေါ်လာလျှင်  ကျပ်၄၂၀၀ ဝန်းကျင်နှုန်းထားအထိ ဖြတ်တောက်လာတယ်လို့ သိရပါတယ်။ 


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025