NEWS

စက်သုံးဆီစျေးအနည်းငယ်ကျဆင်းပြီးကာမှ ပြန်လည်မြင့်တက်လာ

CoverLogo
2.5K Views

စက်သုံးဆီစျေးတွေဟာ သြဂုတ်လ ၁၆ နဲ့ ၁၇ ရက်၀န်းကျင်မှာအနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့ရာမှ  ရက်ပိုင်းအတွင်းမှာပဲ အခုလို အမြင့်စျေးကို ပြန်လည်ရောက်ရှိလာတယ်လို့ စျေးကွက်မှစုံးစမ်းသိရှိရပါတယ်။

'' အရင်ရက်ကအနည်းငယ်ကျတော့ ဒေါ်လာအဖမ်းဆီးနဲ့ ဆီဆိုင်အစစ်ဆေးတွေဝင်လို့ ကျလာသလားပေါ့။ ဘယ်ဟုတ်မလဲထပ်တက်လာဖို့အရှိန်ယူနေတာပဲ။ ခုလောက်ထိမြင့်လာရင် အောက်ခြေကလူတွေဆက်ခံရအုံးမယ်''လို့ တက်စီယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

ရန်ကုန်က စက်သုံးဆီ စျေးနှုန်းတွေမှာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးတဲ့ကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်စျေးအရ ၉၅ အောက်တိန်းတစ်လီတာဟာ ကျပ် ၂၄၉၀ ဖြစ်ပြီး 
၉၂ အောက်တိန်း တစ်လီတာဟာ ကျပ် ၂၄၀၀ ကိုရောက်ရှိလာပါတယ် ဒါဟာ သြဂုတ်လ ၁၈ ရက်နေ့နဲ့စျေးနဲ့နှိုင်းယှဥ်ရင်တစ်လီတာကို ကျပ် ၁၁၀ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

'' ဆီထည့်လို့တော့လွယ်နေပါပြီ။ စျေးတက်နေတာပဲရှိတာပါ။ ဆိုင်ကယ်တွေကိုတော့ တစ်ချို့ဆိုင်ကပေးထည့်တယ်။ တစ်ချို့က ပေးမထည့်တော့ဘူး။ လမ်းဘေးဆိုင်တွေကတော့ ရေသန့် တစ်ဗူးကို ၂၉၀၀ ကနေ ၃၂၀၀ အထိရောင်းနေကြတယ်''ဘို့ ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးက ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီဈေးတွေဟာ  ဓာတ်ဆီ 92 တစ်လီတာလျှင် ငွေကျပ် ၂၄၀၀ သတ်မှတ်ထားပြီး နေရာဒေသကို လိုက်၍ စျေးနှုန်းပြောင်းလဲတာကြောင့် ကျိုင်းတုံမြို့မှာတော့
အမြင်ဆုံးစျေးနှုန်းမှာ တစ်လီတာလျှင် ၂၉၃၀ ဖြစ်နေပြိး 95 တစ်လီတာလျှင်  ၂၉၉၅ကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026
Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026
Cover
အလှည့်ကျ မီးပေးစနစ် ပြန်စမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
စက်သုံးဆီဝယ်ယူမရ၍ ရန်ကုန်က ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းသူများ အခက်ကြုံနေ
Mar 22, 2026
Cover
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့ ဆန်ရောင်းချမှု ယာယီရပ်နားဟု MRF ကြေညာ
Mar 22, 2026
Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026