NEWS

စက်သုံးဆီ ပြတ်လပ်မှု ရက်ရှည်လာပြီး လုပ်ငန်းနယ်ပယ်အသီးသီး ထိခိုက်လာ

CoverLogo
310 Views

ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုဟာ ရက်ရှည်လာပြီး လုပ်ငန်းနယ်ပယ်အသီးသီးမှာ ထိခိုက်မှုတွေ ရှိလာပါ တယ်။ လက်ရှိမှာ စက်သုံးဆီ ပြတ်လပ်မှုဟာ ရက်ရှည်နေပြီး ပြင်ပဈေးကွက်မှာ ရောင်းချနေတဲ့ ဈေးနှုန်းတွေက လည်း မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ 


ဒီအခြေအနေကြောင့် အငှားယာဉ်မောင်းတွေ၊ ကယ်ရီပြေးဆွဲသူတွေ၊ ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ် ကိုင်ရသူတွေနဲ့ မော်တော်ယာဉ် အသုံးပြုရတဲ့ လုပ်ငန်းတွေနဲ့ စက်သုံးဆီသုံးစွဲနေရတဲ့ စက်မှုလုပ်ငန်းတွေမှာပါ ထိခိုက်မှု ရှိလာတာပဲ ဖြစ်ပါတယ်။
“လုပ်ငန်းက ရပ်လိုက်လို့လည်း မရဘူးလေ။ ဖောက်သည်ပျက်ကုန်မယ်။ ပစ္စည်းမပို့ရတဲ့ရက်လေးတွေ ကားဆီလိုက်တိုးပေါ့။ နောက်ပြဿာနာတစ်ခုက အခြေအနေကြောင့်ဆိုပြီး ပစ္စည်းပို့ခတွေကို ဈေးတက်လို့မရဘူး။ ရေရှည်တော့ မပြောတတ်ပေမယ့် အခုကတော့ တော်တော်အဆင်မပြေဘူး”လို့ delivery လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။


လက်ရှိမှာ စက်သုံးဆီ အခက်အခဲကြောင့် တက္ကစီယာဉ်မောင်းတစ်ချို့လည်း ပုံမှန်ပြေးဆွဲနိုင်မှု မရှိသလို ဈေးနှုန်း ကြီးနေတာကြောင့်လည်း ခရီးသည်ရရှိမှု နည်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင် ကယ် ကယ်ရီပြေးဆွဲသူတစ်ချို့လည်း ရပ်နားရသလို ပြင်ပပေါက်ဈေးနဲ့ ဓာတ်ဆီဝယ်ယူအသုံးပြုရတာကြောင့် ကယ်ရီခတွေ ဈေးတက်နေပါတယ်။


“ကျောင်းဖယ်ရီ ယူထားတော့ တစ်နေကုန်လည်းလိုက်ပြီး တန်းစီလို့ မရဘူး။ အပြင်ကချည်း ဝယ်ထည့်နေရတော့ ရတဲ့ဖယ်ရီခနဲ့ မကိုက်ဘူး။ အခုဆို ကလေးမိဘတွေကို တောင်းပန်ထားရတယ်။ ဘယ်လိုမှ ဆီမရတော့လို့ပါ။ ဝယ်ဖို့ကို ခက်နေလို့ပါပြောပြီး မေတ္တာရပ်ခံရတယ်။ ဒါပေမယ့် တစ်ရက်၊ နှစ်ရက်လောက်ပဲ အဆင်ပြေမှာ၊ ရေရှည်တော့ မလွယ်ဘူး”လို့ ကျောင်းဖယ်ရီ ပြေးဆွဲသူတစ်ဦးက ပြောပါတယ်။


ဩဂုတ်လ (၁၈) ရက်နေ့မှာ စက်သုံးဆီရည်ညွှန်းလက်လီဈေးသတ်မှတ်ချက်အရ  အောက်တိန်း 92 တစ်လီတာကို ၂၉၉၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၁၄၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၂၀ ကျပ် နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၂၁၀ ကျပ် ရှိနေပြီး 92နဲ့ 95 စျေးဟာ   အရင်ကထက် တစ်လီတာကို ကျပ်၁၅၀ ကျော်အထိ မြင့်တက်လာတာဖြစ်ပါတယ်။ 


တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အခုလို စက်သုံးဆီပြတ်လပ်နေတာဖြစ်ပြီး ဆိုင်အချို့ပိတ်ထားရသလို အချို့ဆိုင်တွေမှာတော့ နာရီပိုင်းအတွင်းသာ ဖွင့်လှစ်ရောင်းချပေးတာတွေလည်း ကြုံတွေ့နေရတာပါ။ 


လက်ရှိအချိန်မှာ ပြည်တွင်းရှိစက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ဝယ်ယူဖို့အတွက် ကားပိုင်ရှင်တွေ ညအိပ်တန်းစီ စောင့်ဆိုင်းနေရပြီး စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်နေရတာကြောင့် ပြင်ပစက်သုံးဆီပေါက်စျေးဟာ တစ်လီတာ ကို ကျပ် ၈၀၀၀ ကနေ  ၉၀၀၀ အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။


Related posts

Cover
တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို့ စစ်ကော်မရှင်ရဲ့ UEC ဖိတ်ခေါ်
Oct 01, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား
Sep 24, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025
Cover
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို
Sep 22, 2025
Cover
ဒိုက်ဦးနှင့် သာယာ၀တီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများ အရေပြားကူးစက်ရောဂါ ဆိုးရွားစွာခံစားနေရဟုဆို
Sep 17, 2025