NEWS

ငလျင်ဘေးအန္တရာယ်ကြောင့် အလုပ်သမားထောင်ပေါင်းများစွာ ဝင်ငွေဆုံးရှုံးရ

CoverLogo
502 Views
 
ငလျင်ဘေးအန္တရာယ်ကြောင့် အလုပ်သမား ထောင်သောင်းများစွာ ဝင်ငွေဆုံးရှုံးခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO)ရဲ့ ဧပြီ ၂၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
 
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် လူဦးရေ ၃,၆၀၀ ကျော်သေဆုံးပြီး၊ လူနေအိမ် ၄၈,၀၀၀ ကျော် ပြိုကျပျက် စီးခဲ့ရပါတယ်။
 
အဲ့ဒီအထဲမှာ အလုပ်သမား ထောင်သောင်းများစွာ ဝင်ငွေ ဆုံးရှုံးကြပြီး စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက ရပ်ရွာလူမှု အသိုက်အမြုံ အများစုက အခြေအနေမဲ့ဘဝ ရောက်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
 
ငလျင်ဒဏ်သင့်ဒေသတွေက စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေမှာ အလုပ်သမားသေဆုံးမှုတွေ ၊ ပျောက်ဆုံးမှုတွေ၊ ဝင်ငွေဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ အလုပ်သမားကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အဖွဲ့ဝင်တွေဆီကနေ ကြားရတာတွေ ရှိပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းဘက်က စက်ရုံအလုပ်ရုံအချို့က အလုပ်သမားတွေ သေဆုံးမှုတွေလည်း ရှိပါတယ်။ ပျောက်ဆုံး တာတွေ လည်းရှိပါတယ်။ စာရင်းအတိအကျတော့ မသိရဘူးပေါ့။ ဒါပေမဲ့ အားလုံးက လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြရတာချည်းဆိုတော့ အလုပ်သမားအများစု ဝင်ငွေဆုံးရှုံးရတာက ILO ဆိုထားသလိုပေါ့ ။ အဲ့ထက်တောင် ပိုရင်ပိုနိုင်တယ်လို့ ထင်ပါတယ်။”လို့ အလုပ်သမားရေး ကူညီဆောင်ရွက်သူ တစ်ဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံက ကုလသမဂ္ဂဌာနေအဖွဲ့ရဲ့ ဘေးအန္တရာယ်အလွန်လိုအပ်မှု အကဲဖြတ် ဆန်းစစ်ချက်နဲ့ အချက်အလက် ရှာဖွေရေးလုပ်ငန်းစဉ်ကို မန္တလေး နှင့် စစ်ကိုင်းတွင် လုပ်ဆောင်ခဲ့ပြီး အိုင်အယ်လ်အိုရဲ့ ရှေ့ဆက်တုံ့ပြန်မှုကို အကူအညီ အထောက်အပံ့ဖြစ်စေဖို့ အမြန်အကဲဖြတ်စစ်တမ်း ကိုပြုစုနေတယ်လို့ လည်း ဆိုထားပါတယ်။
 
လက်ရှိ လုပ်သားဈေးကွက် ပြန်လည်ထူထောင်ရေးနည်းဗျူဟာမှာ အရေးပေါ်အလုပ်အကိုင် ထိုးထွင်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို (emergency employment-intensive investment programme) ထည့်သွင်းဖို့လည်းရှိနေတယ်လို့ သိရပါတယ်။
 
ILO အနေနဲ့ ရုတ်တရက်ဖြစ်ပေါ်တဲ့ဘေး အန္တရာယ်ကိုတုံ့ပြန်တဲ့အနေနဲ့ မြန်မာပြည်ရှိ အလုပ်သမားနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် လက်ငင်းပံ့ပိုးမှုပေးနိုင်ဖို့ ဆော်ဩစည်းရုံးလျက်ရှိသလို ရေရှည်လုပ်သားဈေးကွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်တွေကိုလည်း ဖော်ထုတ်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ငလျင်ဘေးဟာ လူပေါင်းနှစ်သန်းအား အရေးတကြီးအကူအညီ နဲ့ အကာအကွယ်လိုအပ်တဲ့ အခြေအနေ သို့ တွန်းပို့ခဲ့သလို ဘေးအန္တရာယ်မကျရောက်မီကတည်းက မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၄ သန်း အနက် ၁၉.၉ သန်းဟာ အကူအညီလိုအပ်တဲ့ ဆိုးရွားသောအခြေအနေမှာ ရှိနှင့်နေပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
နိုင်ငံအတွင်း ၅၇ မြို့နယ်က လူဦးရေ ၁၇ သန်းကျော်သည် မြေငလျင်ဒဏ်သက်ရောက်တဲ့ ဒေသအတွင်းရှိနေပြီး အဲဒီထဲက လူဦးရေ ၉.၁သန်း ကျော်က မန္တလေး၊ စစ်ကိုင်းအပါအဝင် ငလျင်ဒဏ်အပြင်းထန်ဆုံးခံရတဲ့ ဒေသတွေမှာ နေထိုင်သူလို့လည်း ဖော်ပြထားပါတယ်။
Photo- ILO

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026