NEWS

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသား/အကျဉ်းသူတွေ ဆေးကုသခွင့်မရ

CoverLogo
396 Views
 
မန္တလေး အိုးဘိုအကျဥ်းထောင်မှာ ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိ တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေ ဆေးကုသခွင့်မရဘဲ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံ မှ သိရပါတယ်။
မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် အမျိုးသမီးအဆောင် ဖြစ်တဲ့ အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင် ပြိုကျပျက်ဆီးခြင်းနဲ့ အတူ အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်ကို ကာရံထားတဲ့ အုတ်ရိုးပြိုကျခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အဆောက်အဦးတွေ ပြိုကျခဲ့တဲ့ အတွက် အကျဉ်းသား၊ အကျဉ်းသူ ၄ ဦး သေဆုံးခဲ့ကာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့် စိုးရိမ်ရသူ(၉) ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄၀)ကျော်ရှိတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေ မှာ အကျဉ်းထောင်ထဲ ကုသရန်မလွယ်ကူ သဖြင့် ပြင်ပဆေးရုံ ကို ပို့ဆောင် ကုသရန် လိုအပ်နေပေမယ့်ယနေ့အချိန်ထိ ကုသခွင့်မရသေးဘူးလို့ PPNMက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသား အကျဉ်းသူတွေ မှာ မိသားစုဝင်တွေ နဲ့ လည်း ဆက်သွယ်တွေ့ဆုံခွင့်မရတဲ့ အခြေအနေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
လက်ရှိ အကျဉ်းထောင်ထဲ မှာလဲ ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေးရည်၊ ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကထုတ်ပြန်ထားပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026