NEWS

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ဒီဇင်ဘာ (၁) ရက်နေ့တွင်ကျင်းပမည်

CoverLogo
656 Views

၂၀၂၄ ခုနှစ် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)ကို လာမယ့် ဒီဇင်ဘာ (၁) ရက်နေ့မှာ ရန်ကုန်မြို့ နဲ့  မန္တလေးမြို့တို့မှာ ကျင်းပသွားမယ်လို့JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJ A)ထံ မှ သိရပါတယ်။ 

၎င်း စာမေးပွဲဖြေဆိုလိုသူတွေ ကို Online System ဖြင့် လျှောက်လွှာလက်ခံခြင်းကို Leve l N1 အတွက် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့ တွင်လည်းကောင်း၊ Level N2 အတွက် ဩဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့တွင်လည်းကောင်း၊ Level N3 အတွက်ဩဂုတ် ၁၆၊၁၉၊၂၇ ရက်တို့တွင်လည်းကောင်း၊ Level N4 အတွက် ဩဂုတ် ၂၀၊ ၂၁၊ ၂၈ ရက်တွင် လည်းကောင်း ၊ Level N5 အတွက် ဩဂုတ် ၂၂၊ ၂၃ ရက်တို့တွင်လည်းကောင်း  ဝင်ရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ 


သင်တန်းကျောင်းတွေ အတွက် လျှောက်လွှာ တွေ ကို ဩဂုတ်၂ရက်ကနေ၅ရက်အထိ ကြိုတင်စာရင်းပေးသွင်းခိုင်းထားကာ ရန်ကုန်သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ အများဆုံး (၁၀၀) စောင်နှုန်းဖြင့် လည်းကောင်း မန္တလေးသင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများ ဆုံး (၅၀)စောင်နှုန်းဖြင့် ရောင်းချသွားမယ်လို့ဆိုပါတယ်။ 

ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာများကို ဩဂုတ် (၁ ၂)ရက် ၊ (၁၃)ရက်နဲ့  မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာများကို ဩဂုတ် (၁၂)ရက်နှင့် (၁၃) ရက်တို့ မှာ ရောင်းချပေးမယ်လို့သိရပါတယ်။ 
ရန်ကုန်စာဖြေဌာနအတွက်လျှောက်လွှာ လက်ခံမယ့် ကာလမှာ ဩဂုတ် ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၉၊၂၀ ရက်နဲ့  မန္တလေးစာဖြေဌာနအတွ က် ဩဂုတ် ၁၄၊ ၁၅ ရက်တို့ဖြစ်တယ်လို့ သိရပါတယ်။ 


ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် (၁၀)နှစ်အောက်ဖြေဆိုသူတွေ အတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းတို့ကို Level အားလုံးအတွက် ဩဂုတ် (၁၂)ရက်နှင့် (၁၃) ရက်တို့တွင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 


Online System ဖြင့် သင်တန်းကျောင်းများအတွက် ရောင်းချခြင်း၊ လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ (၁၀) နှစ်အောက် ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းစသည့် တစ်မျိုးစီအတွက် သီးသန့် အသေးစိတ်ရှင်းလင်းချက်တို့ကို  JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJ A)page မှာ ထပ်မံကြေညာပေးမယ်လို့ဆိုပါတယ်။ 


ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲကို တစ်နှစ်လျှင်  ဇူလိုင်လနဲ့ဒီဇင်ဘာလ တို့ မှာ တစ်ကြိမ်စီ ကျင်းပပေးတယ်လို့ သိရပါတယ်။ 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026