NEWS

ဂတ်စ် ဈေးနှုန်းများ ပြန်လည်ကျဆင်း

CoverLogo
761 Views

မီးဖိုချောင်သုံးဂတ်စ်(LPG)ဈေးနှုန်းတွေဟာဒီကနေ့အောက်တိုဘာလ(၁)ရက်မှာသိသိသာသာကျဆင်းလာတယ်လို့ရောင်းချသူတွေဆီကသိရပါတယ်။


လက်ရှိမှာကုမ္ပဏီတွေကအိမ် သုံးဂတ် 48kg တစ်လုံးကို ကျပ်နှစ်သိန်းနှစ်သောင်းဝန်းကျင်နဲ့စတင်ရောင်းချနေပြီးလက်လီဈေးကွက်မှာလည်းဈေးနှုန်းတွေစတင်ပြောင်းလဲလာပါတယ်။

"အမကတော့ထိသွားတယ်။အရင်ဈေးနဲ့မိထားတာတွေကအရောင်းအဝယ်အေးတော့လက်ကျန်များတာပေါ့။ဒါပေမယ့်ဈေးကျတာသဘောကျတယ်။ကျသင့်တာတော်တော်ကြာနေပြီကုမ္ပဏီတွေကမချသေးတော့အမတို့လိုအရောင်းဆိုင်တွေကဒုက္ခများတာပေါ။ရှုံးတာလည်းတစ်ရင်းလောက်ပဲဖြစ်ပြီးအရောင်းအဝယ်လေးပုံမှန်ဖြစ်ဖို့ပဲမျှော်တယ်"လို့ဂတ်စ်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်
 
ယခင်က ဂတ်စ်တစ်ပိဿာဈေးနှုန်းဟာ ၁၂၀၀၀ ကျပ်ရှိခဲ့ရာကနေ ဒီကနေ့မှာဂတ်စ်တစ်ပိဿာဈေးနှုန်းဟာကျပ်(၉၀၀၀)ထိကျဆင်းလာတာဖြစ်ပြီး ဂတ်စ်ဘူးသေးတစ်ဘူးကိုလည်းကျပ်(၁၄၀၀)နဲ့ရောင်းချတယ်လိုသိရပါတယ်။


"အခုကမီးတွေအရမ်းပြတ်နေတာဂတ်စ်သာဈေးကျတယ်ဆိုရင်မီတာခနဲ့တွက်ပြီးသုံးကြမှာပဲ။ဒီထက်ကျရင်တော့ပိုကောင်းတာပေါ့။ဘာဖြစ်ဖြစ် သုံးတဲ့သူများမှရောင်းချတဲ့သူတွေအဆင်ပြေမှာဆိုတော့ဈေးထပ်ကျပါစေပဲဆုတောင်းတယ်"လို့ဂတ်စ်အရည်ဖြန့်ဖြူးသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာလျှပ်စစ်မီတာခတွေကအရင်ကထက်နှစ်ဆကျော်မြင့်တက်လာပြီးပြတ်တောက်ချိန်ပိုများလာပါတယ်။ဒီအချိန်မှာဂတ်စ်ဈေးနှုန်းတွေကျဆင်းလာတာကြောင့်လည်းအရောင်းအဝယ်တွေကောင်းလာဖို့လည်းဆိုင်ရှင်တွေကမျှော်လင့်နေကြပါတယ်။ 


Related posts

Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026
Cover
အလှည့်ကျ မီးပေးစနစ် ပြန်စမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
စက်သုံးဆီဝယ်ယူမရ၍ ရန်ကုန်က ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းသူများ အခက်ကြုံနေ
Mar 22, 2026
Cover
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့ ဆန်ရောင်းချမှု ယာယီရပ်နားဟု MRF ကြေညာ
Mar 22, 2026
Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026