NEWS

ကရင်နီပြည်သူများအစုလိုက်အပြုံလိုက်သတ် ဖြတ် ခံရမှု့အပေါ်ကုလသမဂ္ဂနဲ့နိုင်ငံတကာမှအမြန်ဆုံးအပြစ်ပေးအရေးယူဖို့အရပ်ဖက်အဖွဲ့အစည်း ၅၉ ဖွဲ့တောင်းဆို

CoverLogo
1.2K Views

ဒီဇင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၁:၃၀) နာရီခန့်တွင် ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာသော မတရား အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၆၆) လက်အောက်ရှိ ခမရ (၁၀၈) ဦးဆောင် စစ်ကြောင်းက အမျိုးသမီးနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များအပါအ၀င် အပြစ်မဲ့ ရွာသူ၊ ရွာသား (၄၀) ဦးခန့်အား ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ကို ယာဥ်များပေါ်တွင် နောက်ပြန်ကြိုးတုပ်၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်အတွက်မင်အောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်အပေါ်အမြန်ဆုံးပအရေးယူပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတောင်းဆိုကြောင်းအရပ်ဖက်အဖွဲ့အစည်း ၅၉ ဖွဲ့ကတောင်းဆိုထားပါတယ်။

အဲ့ဒီ့တောင်းဆိုချက်တွေထဲမှာ-
အကြမ်းဖက်စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများနှင့် စစ်ရေးဆိုင်ရာ နည်းပညာများ မရောက်ရှိစေရေး ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်း ရောင်းချမှု တားမြစ်ပိတ်ဆို့ရန်၊
မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်ရန်၊ နှင့် အကြမ်းဖက်စစ်အုပ်ထံ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရန်အတွက် နိုင်ငံတကာအစိုးရများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့မှုများအပြင် ၎င်းနှင့် ၎င်းခရိုနီများ၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ တိုးမြင့်လုပ်ဆောင်ရန်တို့ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ် မေလ (၂၀) ရက်နေ့မှစတင်၍ ကရင်နီပြည်တွင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်ဖြိုခွင်းမှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုမြောက်သည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်နီပြည်၏ လူဦးရေထက်ဝက်မျှဖြစ်သော လူပေါင်း (၁၅၀,၀၀၀) ကျော်ခန့်ကို နေရပ်စွန့်စွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအဖြစ်သို့ ရောက်ရှိစေခဲ့သည့်အပြင် နေအိမ်နှင့် အဆောက်အဦး (၆၅၂) လုံးကျော်ခန့်လည်း ဖျက်ဆီးခံခဲ့ရပြီး အပြစ်မဲ့ပြည်သူလူထုများ ရာနှင့်ချီ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်ဘက်တွင် လူမဆန်သော ဤဖြစ်ရပ် ဖြစ်ပေါ်နေသည့် တစ်ချိန်တည်းတွင် အကြမ်းဖက် စစ်အုပ်စုသည် ကရင်ပြည်နယ်ရှိ လေးကေ့ကော်ဒေသနှင့် ထိုဒေသအနီးတဝိုက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ကာ နောက်ပိုင်းတွင် ဗုံးကြဲလေယာဥ်များဖြင့် ပရမ်းပတာ ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ကြရပြီး ထိုလူဦးရေ၏ တစ်ဝက်ခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံနေကြရသည်။ အကြမ်းဖက် စစ်အုပ်စုမှ ပစ်ခတ်သော လက်နက်ကြီးတချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ကာ အိုးအိမ်တချို့ ပျက်စီးသဖြင့် ထိုင်းပြည်သူတချို့သည် လုံခြုံရေးအတွက် တခြားနေရာသို့ တိမ်းရှောင်နေကြရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆက်လက်ပြီးအဆိုပါထုတ်ပြန့ချက်ထဲမှာ- အကြမ်းဖက်စစ်အုပ်စုမှ ယခုကဲ့သို့ ကရင်နီပြည်နှင့် ကရင်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်းရှိ ပြည်သူများအပေါ် လူမဆန်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေခြင်းသည် ဆယ်စုနှစ်များစွာ ၎င်းတို့ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းနှင့် တရားမျှတမှုတို့ကို မဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် မိမိတို့ပြည်သူများကို လွန်စွာဒုက္ခရောက်စေပြီး ပြည်သူများ၏ လူသားလုံခြုံမှုကို ကင်းမဲ့စေသည်။

သို့ဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုအား အောက်ပါအတိုင်း ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေးအတွက် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ကြရန် မိမိတို့မှ တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


 


Related posts

Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025
Cover
တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာ ၅၀ ကျော် တွေ့ရှိ
Jun 18, 2025
Cover
လိုင်စင်မရသည့် နိုင်ငံခြား ငွေ ဝယ်ရောင်းများအား အရေးယူမည်ဟု ဗဟိုဘဏ်ကြေညာ
Jun 17, 2025
Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025
Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး
Jun 08, 2025