NEWS

SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ

CoverLogo
447 Views
 
မိုဘိုင်းဖုန်းနဲ့အသုံးပြုတဲ့ SIM ကတ်တွေ ကတစ်ဆင့် SMS (စာတို) ပို့ပြီး ပြည်သူတွေ ကို လိမ်လည် ဖို့ အတွက် လုပ်ဆောင်တာတွေ များပြားတာကြောင့် အနှောင့်အယှက်ဖြစ်နေရတယ်လို့ စာပို့ခံရသူတွေကပြောပါတယ်။
စစ်ကောင်စီ မှ ထိုင်းမြန်မာ နယ်စပ် ရှိ ကျားဖြန် လုပ်ဆောင်သူတွေ နဲ့ ကျားဖြန်ဂိုဏ်းတွေက အဓမ္မခေါ်ယူ ခိုင်းစေထားတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို ဖမ်းဆီး ပြီး သက်ဆိုင်ရာ နိုင်ငံ တွေ ကို ပြန်လည် ပို့ဆောင်လာ ချိန် နောက်ပိုင်း မိုဘိုင်းဖုန်း ကနေတစ်ဆင့် SMS ပို့ဆောင် ပြီး လိမ်လည် မှု တွေ လုပ်ဆောင် တာပိုများလာတယ်လို့ ပြောဆိုမှုတွေရှိပါတယ်။
""ပြီးခဲ့တဲ့၃လပိုင်း လောက်ကစပြီး ဖုန်း နံပတ် အစိမ်းနဲ့ SMS တွေ ပို့တယ် ဒီဂိမ်းကစားတာ ဘယ်လောက်ရသွားတယ်တို့ ငါးပစ်ဂိမ်း၊ စလော့ဂိမ်း ကစားပါ ဆိုတာ မျိုးတွေ လင့်ချပေးထားတာနှိပ်ပါတို့ ဆိုတာတွေ ကို ဖုန်းနံပတ် အမျိုးမျိုးနဲ့ နေ့စဉ် နီးပါး စာပို့နေတာ အတော်လေး စိတ်အနှောက်ယှက် အတော် ဖြစ်ရတယ် ငလျင် လှုပ်ပြီး နောက်ပိုင်း ပိုပြီး များလာတယ် ""လို့ ကြုံတွေနေရတဲ့ ရန်ကုန်မြို့ နေ ပြည်သူတစ်ဦးကပြောပါတယ်။
အခုလို ကျားဖြန့် တွေက စာတို SMS ပို့ကာ လိမ်လည်ရန် လုပ်ဆောင်လာတာ များ လာတဲ့ အတွက် လူမှုကွန်ယက်စာမျက်နှာတွေ မှာ လည်း အချင်းချင်း အသိပေး မှု တွေ ကို အင်တာနက်သုံးစွဲ သူတွေ က လုပ်ဆောင်လာတာတွေ့ရပါတယ်။
အခုလို မိုဘိုင်းဖုန်းကတစ်ဆင့် SMS ပို့ဆောင် နေမှု တွေဟာရဲတင်းစွာ ပိုမို လုပ်ဆောင်လာတဲ့ အတွက် ပြည်သူတွေ အလိမ်ခံရတာတွေ မဖြစ်စေဖို့ ပြည်တွင်းရှိ ဖုန်းအော်ပရေတာ တွေအနေ နဲ့ အများပြည်သူ သိရှိရန် အသိပေးလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြည်သူတစ်ဦးကပြောပါတယ်။
""အဓိက ကတော့ ဆိုင်ရာ operator call center တွေ ကနေ အများပြည်သူ ကို အသိပေးဖို့ လိုတယ် သက်ကြီးရွယ်အိုတွေ ဖုန်း ကို သေချာစွာမသုံးတတ်တဲ့သူတွေ အနေနဲ့ သွားနှိပ်မိတာတို့ ဆိုရင် ပြည်သူတွေ နစ်နာဆုံးရှုံးတာတွေ ဖြစ်လာမှာစိုးရိမ်တယ်""လို့ ပြည်သူတစ်ဦးကပြောပါတယ်။
လက်ရှိ မှာတော့ MPT၊ ATOM စတဲ့ ဖုန်းနံပတ် တွေ ကတစ်ဆင့် SMS ပို့ ကာ ဂိမ်း များဆော့ကစားရန် ဆွဲဆောင်တဲ့ စာတို တွေ ပို့ပြီး လိမ်လည်ရန် လုပ်ဆောင်လာပေမယ့် မည်သည့် အော်ပရေတာမှ ၎င်းကိစ္စ ကို သတိထားရန် အသိပေးတာမျိုး မရှိသေးကြောင်း သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026