NEWS

Pepsi စက်ရုံကအလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေကြောင့် Boycott အဖြစ်သတ်မှတ်

CoverLogo
916 Views

Pepsi စက်ရုံက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၎င်းရဲ့ထုတ်ကုန်များအားလုံးကို မသုံးစွဲဘဲ Boycott ​ပြုလုပ်ရန် နိုင်ငံတကာအဆင့် စားသုံးသူ Campaign ပြုလုပ်ထားတယ်လို့ သိရပါတယ်။

"ပက်စီကို Boycott လုပ်ထားဆဲပါ။ ခုလည်းဘွိုင်ကုတ်ပါပဲ။  တကယ်တော့ ပက်စီထုတ်လုပ်နိုင်ငံတွေ နောက် Europe က်ိုချိတ်ဆက်ပြီးတော့လုပ်ဖို့အတွက့်ပြင်ဆင်ထားတာ။ ဦးသောင်းဟန်တစ်ဦးတည်းဆိုပေမဲ့ ချိုးဖောက်မှုတွေအများကြီးထဲကနေမှ ဒီတစ်ယောက်ကပဲထုတ်ဖော်ပြောတာ။  ဒါပေမဲ့ချိုးဖောက်မှုကကြီးကြီးမားမားဖြစ်နေတာ။" လို့ အဆ်ိုပါကမ်ပိန်းတာဝန်ရှိသူက ဆိုပါတယ်။

ပက်စီအချိုရည်ဟာ ပြည်တွင်းမှာသာမက  အနောက်ဥရောပနိုင်ငံတွေဖြန့်နေတာဖြစ်ပေမဲ့  ဒီဘက်ပြည်တွင်းထဲမှာ အလုပ်သမားဥပဒေကိုချိုးဖောက်တာတွေရှိနေတာကြောင့် Boycottအဖြစ်သတ်မှတ်ကာ  ယခုလိုနိုင်ငံတကာအဆင့်ကမ်ပိန်းလုပ်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပက်စီအချိုရည်စက်ရုံဟာ  လုပ်သက်ရင့်ဝန်ထမ်းတဦးအား မည်သည့်နစ်နာကြေးမှမပေးဘဲအလုပ်မှထုတ်ပယ်ခြင်းသည် ဆိုးဝါးသည့်လူ့အခွင့်အရေး ချိုးဖောက်မှူဖြစ်ပြီး  အလုပ်သမားအခွင့်အရေးကို ချိုးဖောက်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်သလို  ၎င်းရဲ့ထုတ်ကုန်တွေဖြစ်တဲ့ နိုင်ငံခြားသို့ export ထုတ်ကုန်များကိုလည်း နိုင်ငံတကာ စားသုံးသူများကြားထိရောက်သည့် Campaign တခုအဖြစ်ပြုလုပ်​ခြင်းဖြစ်တယ်လို့ သိရပါတယ်။  

အလုပ်ထုတ်ခံရတဲ့  ဦးသောင်းဟန်ဟာ  Pepsi အချိုရည်စက်ရုံတွင် အနှစ် (၂၀) ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး ေအောက်တိုဘာ ၃၁ ရက် ၂၀၂၂ တွင် အလုပ်ခန့်ထားမှုသဘောတူညီမှု စာချုပ်နှင့် မညီဘဲ အလုပ်မှထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အလုပ်မှထုတ်ပယ်ခဲ့သည့်အတွက် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် (၃) ကြိမ်ညှိနှိုင်းပြီး ပြေလည်မှုမရရှိသည့်အတွက် ခုံသမာဓိအဖွဲ့ ၊ ခုံကောင်စီ တို့၏ ဆုံးဖြတ်ချက်ခံယူခဲ့ရပြီး အကြိမ်ကြိမ်ညှိနှိုင်းဖြေရှင်း သော်လည်း ပြေလည်မှု မရရှိသည့်အတွက် ဦးစီးမှူး (သို့မဟုတ်) ကာယကံရှင်မှ တရားစွဲရန် ညွှန်ကြားချက်ထုတ်ရမည်ဖြစ်သော်လည်း မထုတ်ဘဲ အချိန်စွဲနေပြီး နစ်နာသူ အလုပ်သမားမှ အကြိမ်ကြိမ်တောင်းဆိုသဖြင့် ၂၀၂၃ မတ် ၂၁ ရက်နေ့မှသာ နစ်နာသူမှ တရားစွဲဆိုရန် စာထုတ်ပေးခဲ့တာဖြစ်သလို  Pepsi group မှ ထုတ်ကုန်များကို ကမ္ဘာအနှံ့ စားသုံးသူ များသိရှိအောင်အထိ Boycott ​ပြုလုပ်ထားခြင်းဖြစ်တယ်လို သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပြည်တွင်းရှိ လူငယ် ၄ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေဟု UNDP ထုတ်ပြန်
Oct 03, 2025
Cover
တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို့ စစ်ကော်မရှင်ရဲ့ UEC ဖိတ်ခေါ်
Oct 01, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025
Cover
အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်
Sep 28, 2025
Cover
ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး
Sep 26, 2025
Cover
ပါရာစီတမော သောက်သုံးမှု မူလညွှန်ကြားချက်မပြောင်းလဲဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ထုတ်ပြန်ထား
Sep 24, 2025
Cover
စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး
Sep 24, 2025
Cover
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို
Sep 22, 2025