NEWS

Pepsi စက်ရုံကအလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေကြောင့် Boycott အဖြစ်သတ်မှတ်

CoverLogo
975 Views

Pepsi စက်ရုံက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၎င်းရဲ့ထုတ်ကုန်များအားလုံးကို မသုံးစွဲဘဲ Boycott ​ပြုလုပ်ရန် နိုင်ငံတကာအဆင့် စားသုံးသူ Campaign ပြုလုပ်ထားတယ်လို့ သိရပါတယ်။

"ပက်စီကို Boycott လုပ်ထားဆဲပါ။ ခုလည်းဘွိုင်ကုတ်ပါပဲ။  တကယ်တော့ ပက်စီထုတ်လုပ်နိုင်ငံတွေ နောက် Europe က်ိုချိတ်ဆက်ပြီးတော့လုပ်ဖို့အတွက့်ပြင်ဆင်ထားတာ။ ဦးသောင်းဟန်တစ်ဦးတည်းဆိုပေမဲ့ ချိုးဖောက်မှုတွေအများကြီးထဲကနေမှ ဒီတစ်ယောက်ကပဲထုတ်ဖော်ပြောတာ။  ဒါပေမဲ့ချိုးဖောက်မှုကကြီးကြီးမားမားဖြစ်နေတာ။" လို့ အဆ်ိုပါကမ်ပိန်းတာဝန်ရှိသူက ဆိုပါတယ်။

ပက်စီအချိုရည်ဟာ ပြည်တွင်းမှာသာမက  အနောက်ဥရောပနိုင်ငံတွေဖြန့်နေတာဖြစ်ပေမဲ့  ဒီဘက်ပြည်တွင်းထဲမှာ အလုပ်သမားဥပဒေကိုချိုးဖောက်တာတွေရှိနေတာကြောင့် Boycottအဖြစ်သတ်မှတ်ကာ  ယခုလိုနိုင်ငံတကာအဆင့်ကမ်ပိန်းလုပ်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပက်စီအချိုရည်စက်ရုံဟာ  လုပ်သက်ရင့်ဝန်ထမ်းတဦးအား မည်သည့်နစ်နာကြေးမှမပေးဘဲအလုပ်မှထုတ်ပယ်ခြင်းသည် ဆိုးဝါးသည့်လူ့အခွင့်အရေး ချိုးဖောက်မှူဖြစ်ပြီး  အလုပ်သမားအခွင့်အရေးကို ချိုးဖောက်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်သလို  ၎င်းရဲ့ထုတ်ကုန်တွေဖြစ်တဲ့ နိုင်ငံခြားသို့ export ထုတ်ကုန်များကိုလည်း နိုင်ငံတကာ စားသုံးသူများကြားထိရောက်သည့် Campaign တခုအဖြစ်ပြုလုပ်​ခြင်းဖြစ်တယ်လို့ သိရပါတယ်။  

အလုပ်ထုတ်ခံရတဲ့  ဦးသောင်းဟန်ဟာ  Pepsi အချိုရည်စက်ရုံတွင် အနှစ် (၂၀) ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး ေအောက်တိုဘာ ၃၁ ရက် ၂၀၂၂ တွင် အလုပ်ခန့်ထားမှုသဘောတူညီမှု စာချုပ်နှင့် မညီဘဲ အလုပ်မှထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အလုပ်မှထုတ်ပယ်ခဲ့သည့်အတွက် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် (၃) ကြိမ်ညှိနှိုင်းပြီး ပြေလည်မှုမရရှိသည့်အတွက် ခုံသမာဓိအဖွဲ့ ၊ ခုံကောင်စီ တို့၏ ဆုံးဖြတ်ချက်ခံယူခဲ့ရပြီး အကြိမ်ကြိမ်ညှိနှိုင်းဖြေရှင်း သော်လည်း ပြေလည်မှု မရရှိသည့်အတွက် ဦးစီးမှူး (သို့မဟုတ်) ကာယကံရှင်မှ တရားစွဲရန် ညွှန်ကြားချက်ထုတ်ရမည်ဖြစ်သော်လည်း မထုတ်ဘဲ အချိန်စွဲနေပြီး နစ်နာသူ အလုပ်သမားမှ အကြိမ်ကြိမ်တောင်းဆိုသဖြင့် ၂၀၂၃ မတ် ၂၁ ရက်နေ့မှသာ နစ်နာသူမှ တရားစွဲဆိုရန် စာထုတ်ပေးခဲ့တာဖြစ်သလို  Pepsi group မှ ထုတ်ကုန်များကို ကမ္ဘာအနှံ့ စားသုံးသူ များသိရှိအောင်အထိ Boycott ​ပြုလုပ်ထားခြင်းဖြစ်တယ်လို သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026