NEWS

NUCC ကရေးဆွဲထားသည့်ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်မူကြမ်းကို ပြည်သူ့ညီလာခံခေါ်ယူပြီးအတည်ပြုသွားမည်

CoverLogo
1.2K Views

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု့အင်အားအစုအဖွဲ့ (၂၈) ဖွဲ့ပါဝင်ပေါင်းစပ်ထားတဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှရေးဆွဲထားတဲ့ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်မူကြမ်းကိုပြည်သူ့ညီလာခံတရပ်ခေါ်ယူပြီးအတည်ပြုသွားမယ်လို့ဒီကနေ့NUCCကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတာဝန်ရှိသူတွေကပြောပါတယ်။

အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီးစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီမှဦးမိုးသူက"ဒါကတော်လှန်ရေးကာလမှာသုံးမယ့်အခြေခံမူပေါ့၊ ဒီကနေမှတဆင့်ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေတရပ်ပေါ်ပေါက်လာမှာပါ။ဒီမူကြမ်းမှာသက်ဆိုင်ရာလုပ်ဆောင်ရမယ့်ကိစ္စတွေကိုကော်မတီအလိုက်ဖွဲ့စည်းပြီးပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်သွားမှာပါဒီမူကြည်းအတည်ပြုဖို့လဲပြည်သူ့ညီလာခံတရပ်ခေါ်ယူသွားမှာပါ"လို့ပြောပါတယ်။

ပဋိညာဥ်မူကြမ်းကိုအတည်ပြုဖို့ပြည်သူ့ညီလာခံကိုဒီဇင်ဘာလအတွင်းပြုလုပ်သွားနိုင်ဖွယ်ရှိနေပြီး NUCC မှာမပါဝင်သေးတဲ့အဖွဲ့အစည်းတွေကိုလဲပဋိညာဥ်မူကြမ်းပေးပို့ပြီးအကြံပြုချက်တွေတောင်းခံထားတယ်လို့သိရပါတယ်။

"ခုတော့ဒီလိုပဋိညာဥ်မူကြမ်းတရပ်ပေါ်ပေါက်လာပါပြီအနာဂတ်မှာဝန်ထမ်းအလုပ်ဝန်ထမ်းလုပ်ဖို့စစ်တပ်အလုပ်စစ်တပ်လုပ်ဖို့လက်နက်နဲ့ဗိုလ်ကျစိုးမိုးတာမျိုးမရှိဖို့အတွက်ဖက်ဒရာယ်အခြေခံဥပဒေတရပ်ပေါ်ပေါက်လာတော့မှာပါကမ္ဘာ့အလည်မှာဒီတခါတော့ပြန်ခေါင်းမော့နိုင်အုံးတော့မှာပေါ့လို့ယုံကြည်ပါတယ်"လို့ကိုမင်းကိုနိုင်ကအဆိုပါအစည်းအဝေးမှာပြောပါတယ်။

ထို့အပြင် NUCC သည်စစ်အာဏာရှင်အပါအဝင်အာဏာရှင်စနစ်မှန်သမျှတိုက်ဖျက်ရေးအတွက် NUG နဲ့CRPHအပါအဝင်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကော်မရှင်များနဲ့ပါဒီမိုကရေစီဖက်ဒရယ်ပဋိညာဥ်ကိုအခြေပြုသည့်မူဝါဒရေးရာထိန်းကြောင်းရေးကိစ္စရပ်များဦးဆောင်မှု့ပေးဖို့နဲ့ပေါင်းစပ်ညှိနှိုင်းပေးဖို့ပါစုပေါင်းဆောင်မှု့နဲ့ဆက်လက်လုပ်ဆောင်သွားမယ်လို့လဲ NUCC ကဒီကနေ့သတင်းစာရှင်းပွဲမှာထုတ်ပြန်ပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026