NEWS

KNU က ပစ်ခတ်ပါက ဒေသခံပြည်သူတွေကို ဝင်ရောက် ပစ်ခတ်မည့်ဟု လေးကေ BGF စခန်းက ဆို

CoverLogo
1.8K Views

သထုံခရိုင် လေးကေ့ BGF စခန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ရက်နေ့က  ဒေသခံ ပြည်သူတွေကို "စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်က ခေါ်တဲ့အခါမျိုးမှာ ထွက်ပြေးတာမျိုးအပြင်  ကျေး ရွာအနီးက ဖြတ်သန်းစဉ် ကေအဲန်ယူဖက်က ပစ်ခတ်မှုမျိုး ပြုလုပ်လာပါက ကျေးရွာအတွင်းက ဒေသခံတွေကိုပါ ဝင်ရောက်ပစ်ခတ်သွားမယ်"လို့ နယ်ခြားစောင့်တပ် (BGF) ၁၀၁၄တပ်ရင်းက ဗိုလ်တင်ဝင်းနဲ့ ဗိုလ်ကြိမ်လုံးတို့က ပြောသွားတယ်လို့ ကေအဲန်ယူ သထုံခရိုင်က ဖေါ်ပြထားပါတယ်။

သထုံခရိုင် နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၁၄ က ဘီလင်းမြို့နယ်က ဝင်းတာပန်ကျေးနယ်အုပ်စု၊ မြစ်ကျိုးကျေးနယ်နဲ့ မင်းစောကျေးနယ်အုပ်စုက ကျေးရွာ ၁၁ရွာက ဒေသခံရပ်မိရပ်ဖ  ၄၂ဦးကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၅ရက်နေ့ကလည်း KNLA တပ်မဟာ (၁)နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဖက်က၂ဦးသေ၊ ၃ ဦးဒဏ်ရာရပြီးနောက်ပိုင်း ဒေသခံပြည်သူတွေကို ပေါ်တာဆွဲ အဓမ္မခိုင်းစေမှုများရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် CJ


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026