NEWS

KNU က ပစ်ခတ်ပါက ဒေသခံပြည်သူတွေကို ဝင်ရောက် ပစ်ခတ်မည့်ဟု လေးကေ BGF စခန်းက ဆို

CoverLogo
1.7K Views

သထုံခရိုင် လေးကေ့ BGF စခန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ရက်နေ့က  ဒေသခံ ပြည်သူတွေကို "စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်က ခေါ်တဲ့အခါမျိုးမှာ ထွက်ပြေးတာမျိုးအပြင်  ကျေး ရွာအနီးက ဖြတ်သန်းစဉ် ကေအဲန်ယူဖက်က ပစ်ခတ်မှုမျိုး ပြုလုပ်လာပါက ကျေးရွာအတွင်းက ဒေသခံတွေကိုပါ ဝင်ရောက်ပစ်ခတ်သွားမယ်"လို့ နယ်ခြားစောင့်တပ် (BGF) ၁၀၁၄တပ်ရင်းက ဗိုလ်တင်ဝင်းနဲ့ ဗိုလ်ကြိမ်လုံးတို့က ပြောသွားတယ်လို့ ကေအဲန်ယူ သထုံခရိုင်က ဖေါ်ပြထားပါတယ်။

သထုံခရိုင် နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၁၄ က ဘီလင်းမြို့နယ်က ဝင်းတာပန်ကျေးနယ်အုပ်စု၊ မြစ်ကျိုးကျေးနယ်နဲ့ မင်းစောကျေးနယ်အုပ်စုက ကျေးရွာ ၁၁ရွာက ဒေသခံရပ်မိရပ်ဖ  ၄၂ဦးကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၅ရက်နေ့ကလည်း KNLA တပ်မဟာ (၁)နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဖက်က၂ဦးသေ၊ ၃ ဦးဒဏ်ရာရပြီးနောက်ပိုင်း ဒေသခံပြည်သူတွေကို ပေါ်တာဆွဲ အဓမ္မခိုင်းစေမှုများရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် CJ


Related posts

Cover
ဘားအံအကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၂ ဦး ရိုက်နှက်တိုက်ပိတ်ခံရကာ ၁ ဦးသေဆုံးဘားအံအကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၂ ဦး ရိုက်နှက်တိုက်ပိတ်ခံရကာ ၁ ဦးသေဆုံး
Sep 08, 2025
Cover
နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ စလစ်ရပြီး စာအုပ်မထွက်သူများနေ
Sep 08, 2025
Cover
မြန်မာက ဆာလောင် အာဟာရချို့တဲ့မှုတွေအတွက် ကိုရီးယားက ကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေပံ့ပိုး
Sep 07, 2025
Cover
မြန်မာရှိ လူ ၃ ဦးလျှင် ၁ ဦး နှုန်း ဝမ်းရေးမဖူလုံမှုနှင့် ရင်ဆိုင်နေရဟု WFP ထုတ်ပြန်
Sep 07, 2025
Cover
ဆေးဝါးဈေးမြင့်တက်ပြီး ပြတ်လပ်မှုကြုံနေရ
Sep 02, 2025
Cover
Sky Villa ကွန်ဒို ပြိုကျမှုကြောင့် သေဆုံးသူများ အတွက် တစ်ဦး ကို သိန်း ၁၀၀ ကျပ် ပေးမည်ဟု ငလျင်လှုပ်ပြီး ၅လ အကြာတွင်ကြေညာ
Sep 02, 2025
Cover
ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ
Sep 01, 2025
Cover
မြို့နယ်အချို့ကို ကုန်ပစ္စည်းပို့ဆောင်မှု စစ်ကောင်စီ ကန့်သတ်
Aug 29, 2025