NEWS

CIA ထိပ်ပိုင်းခေါင်းဆောင်နှင့်ထိုင်းဝန်ကြီးချုပ်ပရာယွတ်တို့တွေ့ဆုံပြီးမြန်မာ့လုံခြုံရေးအခြေအနေတံခါးပိတ်ဆွေးနွေး

CoverLogo
1.3K Views

အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ဒုတိယအကြီးအကဲ David Cohen နဲ့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံရဲ့လုံခြုံရေးအခြေအနေအပါအဝင် အကြောင်းအရာများစွာဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဒီကနေ့မှာပဲ ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ CIA အကြီးအကဲတို့ရဲ့တွေ့ဆုံမှုမှာ ဒေသတွင်းတည်ငြိမ်းရေး၊ မြန်မာနိုင်ငံအခြေအနေနဲ့ အိမ်နီးချင်း(မြန်မာ)နိုင်ငံမှာ ထိခိုက်ခံစားနေရသူတွေကို အကူအညီပေးရေး ကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အစိုးရအိမ်တော်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်းမထုတ်ပြန်တဲ့တွေ့ဆုံမှုမှာထိုင်းဝန်ကြီးချုပ်ဟာ Mr Cohen ကို အစိုးရအိမ်တော်မှာ ၄၅ မိနစ်ခန့်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီးဘန်ကောက်အခြေစိုက် သတင်းမီဒီယာတွေကိုတောင်ရယူခွင့်မပေးခဲ့ဖူးလို့ဆိုပါတယ်။

တွေ့ဆုံမှုမှာ စီးပွားရေးလုံခြုံရေး၊ ထိုင်း-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနဲ့ ထိုင်းက အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး(Apec)ဥက္ကဌ တာဝန်ယူချိန်မှာ အမေရိကန်ရဲ့ ကူညီထောက်ပံ့ရေးကတိကဝတ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့လည်းဘန်ကောက်ပိုစ့်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။


ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဟာ နေပြည်တော် ကိုလာရောက်ပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။ 


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026