NEWS

တရားမ၀င်ဒေါ်လာအရောင်းအ၀ယ် ဂရုများကိုတရားစွဲဆိုမည်ဟု စစ်ကောင်စီဆို

CoverLogo
1.6K Views

တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း ဆောင်ရွက်သူများအား အရေးယူဆောင်ရွက်လျက်ရှိရာမှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ  တရားမ၀င်ရောင်း၀ယ်နေခြင်းတွေကိုလည်း တရားစွဲဆိုသွားမယ်လို့  စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန် ထားပါတယ်။

"သူတို့ထုတ်ပြန်ချက် ကြောင့်ပဲလားပေါ့။  ၀ယ်ချင်သူတွေရှိနေပေမဲ့ ရောင်းသူသိပ်မတွေ့ရတော့ဘူး။  ၀ယ်ချင်သူကို Cb ခေါ်ရောင်းနေတဲ့သူတစ်ဦးစနှစ်ဦးစတော့ရှိတယ်။ သူတို့ကလည်းလုပ်နေကြတာကြာနေပြီဆိုတော့ သူတို့တရားစွဲဆိုမယ်ဆိုတဲ့အပေါ်  သိပ်ပြီးဂရုစိုက်ပုံမပေါ်ပါဘူး။  ကျယ်ကျယ်ပြန့်ပြန့်အထိလုပ်နိုင်မယ်လည်းမထင်ဘူး။  မှောင်ခ်ိုဈေးကွက်ကရှိနေမှာပဲလေ  သူတို့ဘယ်လိုပဲစည်းကြပ်စည်းကြပ်ရှိနေမှာပဲ ပျောက်မှာမဟုတ်ဘူး။  သူတို့ကိုယ်တိုင်ကသာ ၂၁၀၀ နဲ့ပြန်ထုတ်ရောင်းပေးမယ်  လူတိုင်းစေ့
လိုသူတိုင်း၀ယ်ယူနိုင်မယ်ဆိုရင်တော့ ပျောက်မှာ။  ခုလိုထိန်းချုပ်နေတဲ့အတိုင်းကတော့ ဘယ်လိုမှမရဘူး ဆက်ရှိနေမှာပဲ။ အဓိက ကတော့ အပြင်ငွေလဲ ဈေးက အရောင်းရော အဝယ်ရော MC တွေ လက်ကြီးသမားတွေထက် ဈေးသာတယ် ဆစ်လို့ရတယ် အရောင်းအဝယ်သွက်တယ် အဲ့ဒီတော့ MC နဲ့လက်ကြီးသမားတွေ ဂွင်ပျောက်တယ်"လို့  ဒေါ်လာဖြင့်အရောင်း၀ယ်ပြုလုပ်သူတစ်ဦးကဆိုပါတယ်။


နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ငွေရောင်း၀ယ်မှုတွေပြုလုပ်နေကြတာကို လူမှုကွန်ရက်မှာပြုလုပ်နေကြတာတွေရှိနေပြီး Facebook page တွင် Perfect Money နှင့် B to P Money Exchange တို့လည်း နိုင်ငံခြားငွေများအား ရောင်းချခြင်း ၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားခြင်းမရှိဘဲ ပြုလုပ်နေတာဖြစ်တယ်လို့  စစ်ကောင်စီကဆိုထားပါတယ်။

၎င်းတို့တရားစွဲဆိုနိုင်ရေးဆောင်ရွက်နေတဲ့  Facebook Page များမှာ   နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ကို ဖောက်ဖျက်ကျူးလွန် ကြောင်း တွေ့ရှိရ၍ နိုင်ငံခြားသုံးငွေစီမံခန့် ခွဲမှုဥပဒေပုဒ်မ ၄၂အရ တရားစွဲဆို နိုင် ရေး ဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ်၏အောက်တိုဘာ ၁၆ရက် ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

MyanmarLabourNews
LocalNews


Related posts

Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026