NEWS

ကိုဗစ်ကာကွယ်ရေး စက်မှုဇုန်တွေမှာ ဆောင်ရွက်မှုရှိထားတယ်လို့ စက်မှုဇုန်ကော်မတီတာဝန်ရှိသူပြော

CoverLogo
972 Views

ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ဆောင်မှုတွေစက်မှုဇုန်တွေမှာ အရင်ကတည်းကဆောင်ရွက်ထားတာရှိနေကြောင်း ရွှေသံလွင်စက်မှုဇုန်ကော်မတီရဲ့တာဝန်ရှိသူကပြောပါတယ်။

" ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အပိုင်းတွေကတော့ လက်ရှိမှာ စက်မှုဇုန်ကော်မတီအနေနဲ့ မသိနိုင်တော့ဘူး။ အရင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဆေးထိုးတုန်းကတော့ စက်မှုဇုန်ကော်မတီအနေနဲ့ပါဝင်တယ်။အခု booster ထပ်ဆောင်းကာကွယ်ဆေးကတော့ မြို့နယ်ကျန်းမာရေးဌာနနဲ့စက်ရုံပိုင်းတာဝန်ရှိသူတွေအချင်းချင်းပဲလုပ်တော့တယ်။ အခြားကာကွယ်ရေးအပိုင်း ကိုဗစ်ရောဂါအသိပညာပေးပိုစတာကပ်တာ maskတပ်ဖို့ အစရှိတာတွေညွှန်ကြားထားတာကရှိတယ်။ အရင်ကတည်းကလည်းသူ့ဟာသူရှိထားတယ်လို့" ရွှေသံလွင်စက်မှုဇုန်ကောမတီရဲ့တာဝန်ရှိသူကပြောပါတယ်။

တစ်ကျော့ပြန်ကိုဗစ်ကူးစက်မှုတွေဟာ ပြည်တွင်းကူးစက်မှုတွေများပြားလာနေပြီး လူအများနဲ့လုပ်ဆောင်ရတဲ့စက်ရုံအလုပ်ရုံတွေမှာလည်း ရောဂါမကူးစက်ရန် ကာကွယ်မှုတွေရှိနေဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကိုဗစ်ကြောင့် နေ့စဉ် လူ၁ဦးနှုန်းဆက်တိုက်သေဆုံးမှုတွေရှိခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်ကြာကာလအတွင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ အရေအတွက် ၃၀၀ကျော်အထိရှိနေပါတယ်။

စက်တင်ဘာလ၂ရက်နေ့ည ၈နာရီအထိကိုဗစ်ရောဂါအကြောင်းနေ့စဉ်သတင်းဖော်ပြထားချက်အရ  ဓာတ်ခွဲနမူနာပေါင်း ၈၉၅၁ခုကိုစစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာအသစ် ၈၄ ယောက်တွေ့ရှိခဲ့ရပြီးအဲ့ဒီထဲမှာ ပြည်ပကပြန်လာသူ၅ဦးနဲ့ပြည်တွင်းမှာရောဂါပိုးကူးစက်ခံရသူ ၇၉ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်။
MyanmarLabourNews


Related posts

Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025