NEWS

ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ

CoverLogo
54 Views

Myanmar Labour News ရဲ့ တစ်ပတ်အတွင်း ကုန်ဈေးနှုန်းအခြေအနေတွေတင်ပြချက်မှာတော့
ပြည်တွင်းရွှေဈေးဟာ အနည်းငယ်ပြန်ကျလာပါတယ်။

ဒါဟာလည်း စစ်ကောင်စီအစိုးရက ပြည်တွင်းကရွှေဆိုင်ပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံကာ ရွှေဈေးသိန်း ၁၀၀ အောက်ရောက်အောင်ပြန်ချမယ်ဆိုတဲ့သတင်းထွက်လာပြီးနောက်မှာ ရွှေအသင်းရဲ့ဈေးရော၊ ပြည်တွင်းရွှေဈေးတွေပါကျရိပ်ပြလာတာပါ။

နိုင်ငံခြားငွေ၊ စားသုံးဆီ နဲ့စက်သုံးဆီတွေကလည်း ဈေးကျမလာပေမယ့် အတက်ဈေးနဲ့ပဲလက်ရှိမှာဈေးငြိမ်နေပါတယ်။

ရွှေဈေးအတက်အကျဟာ အခြေခံပြည်သူတွေအတွက် အဓိကအရေးမပါလှပေမယ့် စားသုံးကုန်နဲ့လူသုံးအများဆုံး ကုန်ပစ္စည်းတွေကတော့ တစ်ဆထက်တစ်ဆ ဈေးပိုကျလာဖို့ ပြည်သူတွေက မျော်လင့်နေကြပါတယ်။

ဒါကြောင့်မေ ၉ ရက်က‌နေ‌ မေ ၁၆ ရက်အတွင်းဖြစ်ပေါ် ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းအခြေအနေအမျိုးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။

စက်သုံးဆီဈေးနှုန်း 

မေလ ၁၆ ရက်ရဲ့ စက်သုံးဆီရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့  ကဓာတ်ဆီ ၉၂ တစ်လီတာ ၄၅၆၅ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄၆၄၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ၄၈၂၀ကျပ်နဲ့ပရီမီယံဒီဇယ် တစ်လီတာ၅၈၁၅ကျပ်ဖြစ်ပါတယ်။

အဲ့ဒီမတိုင်မီ မေ ၁၄ ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးမှာတော့ ၉၂တစ်လီတာ ၄၅၀၀ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄,၆၅၀ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၅၀၅၀ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၆၀၇၀ကျပ်ဖြစ်ခဲ့တာကြောင့်စက်သုံးဆီဈေးဟာ ဓာတ်ဆီ၉၂တွေ ယခင်တစ်ပတ်ထက်၆၅ကျပ်ဈေးအနည်းငယ်တက်လာကာ ကျန်ဓာတ်ဆီ၉၅နဲ့ဒီဇယ်တွေကတော့၅ကျပ်ကနေ ၂၅၅ကျပ်ဈေးတွေ အနည်းငယ်ပြန်ဈေးကျလာပါတယ်။

ပြင်ပဆီမှောင်ခိုဈေးကွက်မှာတော့တစ်လီတာကို ၂၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်နှုန်းဈေးတွေနဲ့ပဲအရောင်းအဝယ်ဖြစ်နေဆဲဖြစ်ပါတယ်။

ရွှေဈေးနှုန်း

ရွှေဈေးနှုန်းကတော့ လက်ရှိမှာ အကျဘက်ကိုရောက်လာနေပြီဖြစ်ရာ ရွှေအသင်းဈေးသတ်မှတ်ချက်က ရွှေတစ်ကျပ်သားဈေး ၇,၁၀၀,၀၀၀ကျပ် ပြောင်းလဲသတ်မှတ်လာရာယခင်ထက် ရွှေတစ်ကျပ်သားငွေကျပ် ၁သိန်းကျော်‌ဈေးပိုကျလာသလို ပြည်တွင်းရွှေဈေးကွက်မှာလည်းရွှေဈေးတွေအနည်းငယ်ပိုတက်လာပါတယ်။

ပြည်တွင်းရွှေအရောင်းအဝယ်ဈေးကွက်ထဲ စနစ်သစ်ရော စနစ်ဟောင်းဈေးကွက်ထဲမှာပါ ၁၆ပဲရွှေရည်တစ်ကျပ်သားနှုန်းကို ငွေကျပ် ၁၀,၃၀၀,၀၀၀ သိန်းဈေးအထိကျလာနေကာ ယခင်ထက်ငွေကျပ် ၃ သိန်းစွန်းစွန်းလောက်ဈေးလျော့လာပါတယ်။

"အခုသတင်းကြားနေရတာ ရွှေဆိုင်ပိုင်ရှင်တွေကို အစိုးရက နေပြည်တော်ခေါ်ပြီး ရွှေဈေးသိန်း ၁၀၀ အောက်ကိုပြန်ချမယ်လို့ ပြောတယ်။လက်ရှိတော့မနေ့ကမှ ရွှေအသင်းရဲ့တစ်ကျပ်သားဈေးသတ်မှတ်ချက်၇၁သိန်းခွဲက ဒီနေ့မှာ ၅သောင်း‌လောက်ပြန်ဈေးကျလာကာ ၇၁သိန်းဈေးနဲ့ဈေးထုတ်ပြန်လာတယ်။အဲ့ဒီတော့ရွှေဈေးပြန်ချမယ်ဆိုတာမှန်နေလားမသိဘူး"လို့ တောင်ဥက္ကလာ‌ ဈေးထဲက ရွှေအရောင်းအဝယ်ပြုလုပ်နေသူတယောက်ကပြောပါတယ်။

ငွေဈေးနှုန်း 

နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့အတက်ဈေးမှာပဲရောက်ရှိနေရာ ကန်ဒေါ်လာ က ၁ဒေါ်လာငွေကျပ် ၄ထောင်ကျော်ဈေးအထိ ထိုးတက်‌ေနဆဲဖြစ်သလို အခြား ယွမ်နဲ့ဘတ်လိုနိုင်ငံခြားငွေကြေးများလည်း တက်ဈေးနဲ့ငြိမ်နေပါတယ်။

အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက  ယနေ့ မှာ ရောင်းဈေး ၄၂၆၀ကျပ်၊ ဝယ်ဈေး ၄၁၅၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၄ကျပ်ကျော်၊ ဝယ်ဈေး ၁၂၉ကျပ် ကျော်  ၊ ယွမ်းငွေကရောင်းဈေး၆၃၂ကျပ်၊ ဝယ်ဈေး ၆၁၆ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၇.၄နဲ့ဝယ်ဈေး၂၆.၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။ 

စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၃၆၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၂၅၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာဟာယခင်တပတ်ကြာကထက်ဈေးနည်းနည်းတက်လာပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းများ

‌စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ 
စားအုန်းဆီ ၁ ပိဿာကို ၇၄၉၉ ကျပ်ဈေးသတ်မှတ်ထားတာကြောင့် ယခင်တစ်ပတ်ကြာက ဈေးအတိုင်းပဲဖြစ်ပါတယ်။

ပြင်ပဈေးကွက်မှာတော့ ဆီအသင်းသတ်မှတ်ဈေးတစ်ပိဿာကို ၇၄၉၉ကျပ်နှုန်းနဲ့ပဲ အခြေခံကာတစ်ပိဿာ ကျပ် ၁၅ဝ၀၀မှ ၂၀၀၀၀ ကြားဈေးတွေနဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။

ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ကနေ၂၇၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေကာ အဆမတန်ဈေးမြင့်လာတာပါ။

ဆန်ဈေး

ဆန်ဈေးနှုန်းတွေကတော့  အကြမ်းဈေးတစ်ပြည် ၄၀၀၀ကျပ် ကျော်ကနေ အချောဈေးတစ်ပြည် ၆၅၀၀ ကျပ်မှ ၁၁၀၀၀ကျပ်အထိဈေး ရှိပြီးဆန်ချောတစ်ချို့ တစ်ပြည်ကို ၅၀၀ ကျပ်ပမာဏခန့်ထက်တက်လာပါတယ်။

စားဖိုဆောင်သီးနှံအမျိုးအစားဖြစ်တဲ့ ကြက်သွန် ဈေးမှာ ကြက်သွန်အနီ တစ်ပိဿာကို ၂၅၀၀ကျပ်မှ ၅၀၀၀ကျပ်ကြား၊ကြက်သွန်အဖြူတစ်ပိဿာကို ၁၅၀၀၀ကျပ်မှ၂၀၀၀၀ကျပ်ကြား၊့ အာလူးတစ်ပိဿာကို ၇၀၀၀မှ၁၀၀၀၀ကြား၊ဂျင်းတစ်ပိဿာ၁၀‌၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊လက်ဖက်အစိုတစ်ပိဿာ၁၆၀၀၀ကျပ်မှ၂၀၀၀၀ကြား၊လက်ဖက်ခြောက်တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၂၀၀၀၀ကြား၊နှစ်ပြန်ကြော်တစ်ပိဿာ၂၄၀၀၀ကျပ်မှ ၂၇၀၀၀ကျပ်ကြားစတဲ့ဈေးတွေအတိုင်းအရောင်းအဝယ်ဖြစ်နေပါတယ်။

ကြက်ဥ၊ ဘဲဥ ဈေးတွေကတော့ ယခင်တစ်ပတ်ထက်အနည်းငယ်ကျဆင်းလာရာ ယခင်က ကြက်ဥ ၁ လုံး ၆၅၀ကျပ်ဈေးကနေယခုတစ်ပတ်မှာ ကြက်ဥ၁လုံးအများဆုံး၅၀၀ကျပ်ဈေး၊ ဘဲဥ၁လုံးအများဆုံး၆၀၀ကျပ်၊ ငုံးဥဈေးကတော့ထပ်တက်နေရာယခင်၁ထောင်ဖိုး၉လုံးခန့်ကနေ၊ ယခု၁ထောင်ဖိုး၇လုံးသာရရှိတော့ရာ၊ ဆေးဘဲဥတစ်လုံး ၈၀၀ ကျပ်မှ ၁၀၀၀ကျပ်ဈေးတွေနဲ့ရောင်းချနေပါတယ်။

ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါတစ်ထုပ်ကိုငွေ၁၅၀၀ကျပ်အထိရှိလာပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၃၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။

အခြေခံပြည်သူတွေသောက်သုံးမှုများတဲ့ကော်ဖီမစ်အမျိုးအစားတွေထဲ ပရီမီယာ၊sunday၊စူပါ စတဲ့ပြည်တွင်းထုတ်ကော်ဖီမစ်တွေအနေနဲ့တစ်ထုပ်ချင်းဈေးငွေကျပ်၇၀၀ကနေ ၁၀၀၀ကြားဈေးရှိပြီးပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀ကနေ၂၀၀‌၀၀ကျပ်ကြားဈေးတွေရှိနေတာပါ။ ယိုးဒယားတံဆိပ် ဘာဒီ၊နက်စ် အခြားကော်ဖီတွေကလည်း တစ်ထုပ်ချင်းကို ငွေကျပ်၈၀၀မှ ၁၃၀၀ကြားဈေးမှာရှိကာ ပါကင်ဈေးအနေနဲ့ ငွေကျပ်၁၅၀၀၀မှ၂၅၀၀၀ကျပ်ကြားဈေးမှာရှိနေပါတယ်။

မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးက‌ တော့အနည်းဆုံး ၁၀၀၀ ကျပ်နဲ့ဝယ်လို့ရနေကာ  မုန့်ဟင်းခါး၊ အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်၊နံပြား၊အီကြာ‌ေကွး ၁ခုဈေး ၁၀၀၀ ကျပ် နဲ့ စမူဆာ၁ခုဈေး၅၀၀ကျပ်အထိဈေးရှိနေပါတယ်။

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့   ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊  ဗူးရွက်တစ်စီး ၅၀၀၊ ဆူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့  ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ပြောင်းဖူး ၆၀၀ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာ တွေကတော့ ၅၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရပါတယ်။

ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို ၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို ၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊ သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။

ငါးဈေးနှုန်းတွေကတော့ တစ်ပိဿာ ၃၀၀၀၀ မှ ၃၅၀၀၀ အထိရှိလာပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၇၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။ 
ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ်  ၂၀၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃‌၅၀၀၀ ကျပ်ဈေးရှိပါတယ်။

အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ၁ပိဿာကို ကျပ် ‌၈၀၀၀၀ ကျပ်မှ ၉၅၀၀၀ ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်  ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်‌ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ လူသုံးကုန်တွေထဲ ပြည်ပကမှာယူတင်သွင်းရတဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ပါကင်ပိတ် မုန့်တွေ၊နို့မှုန့်၊ဒိုက်ဘာ နဲ့ အလှကုန်ပစ္စည်းအချို့ဟာ ဈေးကွက်ထဲပစ္စည်းပြတ်ရှားပါးလာသလို ဈေးကလည်းလိုက်ပါမြင့်တက်နေတယ်လို့သိရပါတယ်။

ဆေးနဲ့ဆေးပစ္စည်း ၊ဆေးနဲ့ဆက်စပ်ပစ္စည်း တွေကတော့ ဈေးကွက်ထဲမှာ‌ေတာ့ဆေးဈေးတွေ အဆမတန်ဈေးတက်လာကာ အရင်က ငွေကျပ်၂၀၀၀၀ကျော်နဲ့ပေးဝယ်ရတဲ့ဆေးတန်ဖိုးကအခု၅၀၀၀၀ကျော်ဈေးပေးဝယ်ယူရတဲ့အထိဈေးနှုန်းနှစ်ဆ၊သုံးဆခန့်မြင့်တက်နေပါတယ်။

ဈေးကွက်ထဲ ဈေးသက်သာလို့လူသုံးများနေတဲ့ တိုင်းရင်းဆေးအမျိုးအစားတွေကလည်း လက်ရှိမှာနိုင်ငံခြားဆေး၊ ဓာတုဆေးတွေကိုထည့်သွင်းလာကြလို့ အများပြည်သူသုံးစွဲရန်မသင့်တဲ့ဆေးဝါးတွေအဖြစ်အကြေညာခံရကာ တားမြစ်ထားပါတယ်။

FDA ရပြီးသား ပြည်တွင်းထုတ်ဆေးဝါးတွေအနေနဲ့လည်း  ငွေကျပ် ထောင်ဂဏန်းသာရှိခဲ့တဲ့ဆေးဗူးအချို့ကအခုအခါ တစ်သောင်းကျော်ဈေးနှုန်းတွေအထိမြင့်တက်သွားခဲ့ကြောင်းသုံးစွဲသူတွေထံကသိရပါတယ်။

တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026