NEWS

စက်သုံးဆီစျေးအနည်းငယ်ကျဆင်းပြီးကာမှ ပြန်လည်မြင့်တက်လာ

CoverLogo
2.4K Views

စက်သုံးဆီစျေးတွေဟာ သြဂုတ်လ ၁၆ နဲ့ ၁၇ ရက်၀န်းကျင်မှာအနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့ရာမှ  ရက်ပိုင်းအတွင်းမှာပဲ အခုလို အမြင့်စျေးကို ပြန်လည်ရောက်ရှိလာတယ်လို့ စျေးကွက်မှစုံးစမ်းသိရှိရပါတယ်။

'' အရင်ရက်ကအနည်းငယ်ကျတော့ ဒေါ်လာအဖမ်းဆီးနဲ့ ဆီဆိုင်အစစ်ဆေးတွေဝင်လို့ ကျလာသလားပေါ့။ ဘယ်ဟုတ်မလဲထပ်တက်လာဖို့အရှိန်ယူနေတာပဲ။ ခုလောက်ထိမြင့်လာရင် အောက်ခြေကလူတွေဆက်ခံရအုံးမယ်''လို့ တက်စီယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

ရန်ကုန်က စက်သုံးဆီ စျေးနှုန်းတွေမှာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးတဲ့ကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်စျေးအရ ၉၅ အောက်တိန်းတစ်လီတာဟာ ကျပ် ၂၄၉၀ ဖြစ်ပြီး 
၉၂ အောက်တိန်း တစ်လီတာဟာ ကျပ် ၂၄၀၀ ကိုရောက်ရှိလာပါတယ် ဒါဟာ သြဂုတ်လ ၁၈ ရက်နေ့နဲ့စျေးနဲ့နှိုင်းယှဥ်ရင်တစ်လီတာကို ကျပ် ၁၁၀ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

'' ဆီထည့်လို့တော့လွယ်နေပါပြီ။ စျေးတက်နေတာပဲရှိတာပါ။ ဆိုင်ကယ်တွေကိုတော့ တစ်ချို့ဆိုင်ကပေးထည့်တယ်။ တစ်ချို့က ပေးမထည့်တော့ဘူး။ လမ်းဘေးဆိုင်တွေကတော့ ရေသန့် တစ်ဗူးကို ၂၉၀၀ ကနေ ၃၂၀၀ အထိရောင်းနေကြတယ်''ဘို့ ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးက ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီဈေးတွေဟာ  ဓာတ်ဆီ 92 တစ်လီတာလျှင် ငွေကျပ် ၂၄၀၀ သတ်မှတ်ထားပြီး နေရာဒေသကို လိုက်၍ စျေးနှုန်းပြောင်းလဲတာကြောင့် ကျိုင်းတုံမြို့မှာတော့
အမြင်ဆုံးစျေးနှုန်းမှာ တစ်လီတာလျှင် ၂၉၃၀ ဖြစ်နေပြိး 95 တစ်လီတာလျှင်  ၂၉၉၅ကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025