NEWS

ရန်ကုန်က ကျူးကျော်အိမ်တွေအားလုံးနီးပါး ဖျက်ဆီးခံရဖွယ်ရှိနေ၊ ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ်ချက်ရှိရှိကျူးလွန်နေမှုအား ရှုံ့ချတယ်လို့ NUG အလုပ်သမားရေးရာ ဒုဝန်ကြီးပြောဆို

CoverLogo
2.4K Views

ရန်ကုန်တိုင်း အတွင်းက ကျူးကျော်အိမ်တွေကို စစ်ကောင်စီတပ်တွေနဲ့ အပေါင်းအပါတွေက အောက်တိုဘာလ လောက်ကတည်းက စတင်ကာ ဖျက်ဆီးရှင်းလင်းနေတာဖြစ်ပြီး ယခုအချိန်မှာတော့ ကျူးကျော်အိမ်အားလုံးနီးပါး ဖျက်ဆီးခံရဖွယ်ရှိနေပါတယ်၊

ယင်းကိစ္စရပ်တွေအပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေနဲ့ကတော့ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘဲ ဝမ်းနည်းရကြောင်းနှင့် ကျူးကျော်အိမ်များကို  ရည်ရွယ်ချက်ရှိရှိ ရှင်းထုတ်ခြင်းကို မလိုလားဘဲ ရှုံ့ချတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဖြစ်တဲ့ ဦးကျော်နီက Myanmar Labour News ကို ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း လူဦးရေထူထပ်တဲ့ လှိုင်သာယာမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ရွှေပြည်သာမြိုနယ် ၊ မဂ်လာဒုံ မြို့နယ် တွေမှာ ကျူးကျော်အိမ်တွေကို ဖျက်ပေးဖို့  စစ်ကောင်စီက အောက်တိုဘာ လလယ်ပိုင်းလောက်ကတည်းက လိုက်လံ တိုက်တွန်းမှုတွေ ပြုလုပ်ပြီးတော့ အတင်းအဓမ္မဖျက်သိမ်းဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်းမှာ ကျူးကျော်နေထိုင်သူဦးရေဟာ ၆ သိန်းနီးပါးရှိနေပြီးတော့ အဲ့ဒီအထဲမှာ ကျပန်းအလုပ်သမားတွေ ၊ စက်မှုဇုန်အလုပ်သမားတွေလဲ ပါဝင်နေတာပါ။ စစ်တပ်အာဏာသိမ်းပြီး နောက် အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ကျူးကျော်မိသားစုတွေ အနေနဲ့ စားဝတ်နေရေးခက်ခဲနေသလို  အချိန်တိုအတွင်း အတင်းအကြမ် ဖိအားပေးပြီးပြောင်းခံရတဲ့ အပေါ် သောကပင်လယ်ဝေခဲ့ရသူများပါတယ်။

လှိုင်သာယာမြို့နယ်မှာဆိုရင် ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန် -ညောင်တုန်းလမ်း ၊ ရန်ကုန်-တွံတေး လမ်းမကြီးဘေး၊ အလယ်ရွာ  ၊ စက်မှုဇုန် ဧရိယာတွေနဲ့ ညောင်ရွာစတဲ့ နေရာ အများအပြားမှာ အစုလိုက်တဲထိုးနေထိုင်ကြတာ ဖြစ်ပြီး အချို့ဆိုရင် သက်တမ်း ဆယ်စုနှစ် ၂ ခုစာရှိနေပါပြီ။

"ဒီပြဿနာက ကျနော်တို့နိုင်ငံမှာ အစိုးရတွေ မဖြေရှင်းနိုင်သေးတဲ့ပြဿနာပါ။ ကျူးကျော်ပြဿနာပေါ့ တကယ်တမ်းသာ အလုပ်သမားဝန်ကြီးဌာနကလဲ ဖြေရှင်းဖို့ တခုတည်းတော့မရဘူးပေါ့။ ဒါပေမယ့် ဦးဆောင်ဦးရွက်လုပ်ပြီးတော့ဖြေရှင်းမယ်။ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ပေါင်းပြီးတော့ ဖြေရှင်းရမယ့်ကိစ္စပေါ့ ဒါပေမယ့်ဒီလိုကာလမျိုးတော့ မဟုတ်ဘူးပေါ့ ဥပဒေတွေလဲပြင်ဆင်ရမယ့်ဟာရှိနေတယ်။ လို့ဦးကျော်နီက သုံးသပ်ပြောဆိုပါတယ်၊

ဒါ့အပြင်စက်မှုဇုန်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ နီးစပ်ရာ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်ရင်း ဝမ်းစာအတွက် ဖြေရှင်းရသူတွေရှိနေတာကြောင့် ယင်းတို့အတွက် အလုပ်အကိုင်နဲ့ ကျောတခင်းစာပါ ပျောက်လုလုအခြေအနေကို ရင်ဆိုင်ရတာပါ။


"အလုပ်ရှင်တွေက အလုပ်သမားတွေရဲ့နေရေးထိုင်ရေးပေးစရမလိုပဲနဲ့ သူတို့က အကျိူးအမြတ်အများကြီးရနေတယ်။အဲ့တော့ကျနော်တို့က ဒါကို အလုပ်သမားတွေကိုခေါ်ပြီးတော့ခိုင်းတယ်ဆိုရင် အလုပ်သမားတွေရဲ့စားဝတ်နေရေးအကုန်လုံးကိုတာဝန်ယူရမယ်။ ဒါမျိုးကို ဥပဒေပြဌာန်းဖို့ လိုသလို တကယ်တမ်းလည်းလိုက်ပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။နောက်တခုကကျတော့ ကျနော်တို့နိုင်ငံသားတွေရဲ့နေထိုင်မှုပေါ့ အိမ်ရာ စနစ်ပေါ့ ဒီအိမ်ရာ စနစ်တွေ အကောင်အထည်ဖော်ပေမယ့်လဲ  မူဝါဒကကောင်းပေမယ့်လည်း လက်တွေဆောင်ရွက်တာတွေမှာ အားနည်းချက်တွေရှိတဲ့ အခါ တကယ်တမ်း ဆင်းရဲသားတွေဆို ဘယ်တုန်းကမှ အိမ်ယာရောက်မလာနိုင်တဲ့ဘူး။ လို့ ဦးကျော်နီက ပြောပါတယ်၊

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း ကျူးကျော်ပြဿနာတွေနဲ့ပတ်သက်ပြီး စာရင်းကောက်ယူမှုတွေ၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဖော်ဆောင်ဖို့တွေလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆုံးသတ်ကတော့  လမ်းမကြီးတွေဘေးက ကျူးကျော်တဲ့တွေဟာ လူသိရှင်ကြားဖျက်ဆီးခံခဲ့ရပြီး ကျူးကျော်တဲက မိသားစုဝင်တွေရဲ့ ဘဝကတော့ လူမသိသူမသိ တိမ်မြုပ်သွားခဲ့ရပါတယ်။

ယခုလို နိုင်ငံရေးမတည်ငြိမ်ဖြစ်နေတဲ့ ကာလမှာ  အခြေခံပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးရှင်းလင်းမှုမှာ  တာဝန်ရှိသူတွေကတော့ စကစနဲ့ အပေါင်းအပါတွေ အကျိုးစီပွားတည်ဆောက်မယ့်လူတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ က ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါဆိုးကြီးကျရောက်ပြီးနောက် လူတန်းစား အသီးသီးရဲ့ စီးပွားရေးရပ်တည်မှုတွေ ထိခိုက်ခဲ့ရသလို ကျူးကျော်အိမ်လေးတွေမှာ နေထိုင်ရတဲ့ အခြေခံလူတန်းစားအတွက်ကတော့ ပြောဖွယ်ရာမရှိအောင် ဆိုးဝါးခဲပြီးပါပြီ။

အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ယခုလို ကျောတခင်းစာ ထပ်ပျောက်ခဲ့ရသူတွေအတွက်ကတော့ နောက်ထပ် ရေနစ်သူဝါးကူထိုးတဲ့အလားပါ။ သူတို့ကူကယ်ရာမဲ့နေပါတယ်။


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026