NEWS

Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်

CoverLogo
313 Views
Galaxy (Myanmar)အထည်ချုပ်စက်ရုံက အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မယ်ဆိုပြီး နို့တစ် စာကပ်ထား တာယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နို့တစ်စာမှာရက်စွဲမပါပေမဲ့ အထည်စံချိန် တောင်းထားတဲ့ ကာလကို မေ ၂၆ ရက်ကနေ ဇွန် ၂ ရက်နေ့အထိ သတ်မှတ်ထားတာကို တွေ့ရပါတယ်။
 
စံချိန်မပြည့်ပါက စက်လိုင်းတွေကို ပိတ်သိမ်းမှာဖြစ်ပြီး စံချိန် ၁၀၀ ရာခိုင်းမပြည့်တောင် ၈၀ ရာခိုင်းနှုန်းအထိ ချုပ်ပေးရမယ်လို့ ရေးထားပါတယ်။ သတ်မှတ်ကာလအတွင်း စံချိန်မပြည့်တဲ့ စက်လိုင်းတွေကို ဥပဒေအတိုင်း နို့တစ်တစ်လ ကြိုအကြောင်းပြိး သတ်မှတ် နစ်နာကြေးပေး စိတ်လိုင်းတွေကို ပိတ်သိမ်းမှာလို့ ရေးထားတာပါ။
ဒီလို စက်လိုင်းတွေ ပိတ်သိမ်းဖို့ ပြင်ဆင်မှုတွေက ခွဲခြားဆက်ဆံမှုတွေ ပါဝင်နေတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM က ပြောပါတယ်။
 
“ စက်ရုံ အလုပ်သမားသမဂ္ဂတွေရှိတဲ့ လိုင်းကို ချုပ်ရခတ်တဲ့ ဂျာကင်ထည်တွေ ချုပ်ခိုင်းတယ် ။ အဖွဲဝင်မရှိတဲ့ စက်လိုင်းတွေကို မခက်ခဲတဲ့ အော်ဒါတွေ ချုပ်ခိုင်းတယ်။ အော်ဒါချပေးကတည်းက အလုပ်သမားတွေက ခွဲခြားခံနေရတယ်။” လို့ ပြောပါတယ်။
 
လက်ရှိ အထည်မထွက်ဘူးလို့ ပြောဆိုနေတဲ့ စက်လိုင်းတွေမှာ စူပါ မရှိဘဲ အော်ဒါ အထည်ပုံစံသစ် အပြောင်းမှာပါ အခက်အခဲတွေ ကြုံနေရတာလို့ ပြောပါတယ်။
 
“ စက်လိုင်းတွေမှာ စူပါမရှိဘူး။ အော်ဒါလာချိန်းတောလူတစ်ဦးကို နှစ်ပွိုင့်၊ သုံးပွိုင့် ချုပ်ရတယ်။ ခွင့်ယူတဲ့အလုပ်သမားတွေရှိရင် အလုပ်သမားထည့်ပေးတာမရှိဘူး။ ချုပ်ရတာက ပွိုင့်တွေက များတာ။ ဒါလည်း စက်ရုံဘက်က သိနေတာ။ ဒါကို နို့တစ် ထုတ်ပြီး သမဂ္ဂအဖွဲ့ဝင်တွေကို ထုတ်ဖို့ ပြင်ဆင်တာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်မရတဲ့ ပြဿနာက အထည်ပွိုင့်စီတာ အဆင်မပြေလို့ ဖြစ်ပြီး စက်ရုံဘက်က စီစစ်ပြီး လိုအပ်ချက်ကို ဖြည့်တင်းရမှာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က လုပ်ကိုင်ရမဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်မှုမရှိဘဲ အလုပ်သမားသမဂ္ဂအဖွဲဝင်တွေကို အပြစ်ရှာပြီး အလုပ်ထုတ်ဖို့ ပြင်ဆင်နေမှုကို မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM က အပြင်းအထန် ကန့်ကွက်ထားပြီး ကုန်အမှတ်တံဆိပ်ဘက်က ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
 
Galaxy (Myanmar) Appreal Co.,Ltd အထည်ချုပ်စက်ရုံမှာ (martes)ESSENTIALS တံဆိပ် ချုပ်လုပ် နေတယ်လို့လည်း FGWM က ပြောဆိုပါတယ်။ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ်၊ စက်မှုဇုန် (၄)၊ ဆိတ်ကမ်းသာလမ်း မှာ လုပ်ငန်း လုပ်ကိုင်နေပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026