NEWS

FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး

CoverLogo
29 Views
FM (1) အထည်ချုပ်စက်ရုံ က ပုဒ်ပြတ်လစာတွေ လျှော့ပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လူမှုဖူလုံကြေး ထည့်ဝင်မပေးလို့ ဆေးကုသခွင့် အပါအဝင် အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ပြောပါတယ်။
 
“ လုပ်ခလစာတွေက ပုဒ်ပြတ် ပေးတယ်။ အခုက လေးသိန်းနဲ့ အလုပ် ခန့်တယ်။ ပြီးတော့ သုံးသိန်း၊ သုံးသိန်းငါးတောင် အဲ့လိုတွပဲ ပေးတာ။ ဒါတောင် ညနက် ၁၂ အထိဆင်းရတာတွေ ရှိသေးတယ်။ အဲလောက်ရတာက ရက်မှန်ကြေး ငါးသောင်းပါမှ ရတာ၊” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က လူမှုဖူလုံရေးကြေး ထည့်ဝင်ပေးထားတာမရှိတာကြောင့် အလုပ်သမားတွေ ကျန်းမာရေးကိစ္စတွေ ဖြစ်ပေါ့်ပါက ကုန်ကျစာရိတ်များပြားတာအပြင် လုပ်ခလစာတွေပါ ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
“ လူမှုဖူလုံရေးကြေး ထည့်ထားတာ မရှိတော့။ ကျန်းမာရေး မကောင်းရင် လူမှုဖူလုံရေးဆေးခန်းမှာ ပြမရ တော့ဘူး။ ပြင်ပဆေးခန်းတွေမှာ ကုရတော့ အကုန်အကျများတယ်။ ဆေးခွင့်မရှိဘူး။ လစာကလည်း အဖြတ်ခံရတယ်။" လို့ ပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေးကြေး လစဉ် ထည့်ဝင်လိုပြီး လူမှုဖူလုံရေး အခွင့်အရေးတွေအပြင် ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် စတဲ့ ဥပဒေပါခွင့်ခံစားခွင့်တွေ ရလိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမား (၈၀) နီးပါးရှိပေမဲ့ အများစုက ကလေးလုပ်သားတွေ ဖြစ်ကြပြီး ခွင့်ခံစားခွင့်တွေ မရကြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကလေးလုပ်သားတွေ အရမ်းများတယ်။ ခွင့်ရက်တွေနဲ့ ပတ်သက်ပြီး ဘာခွင့်မှ မရဘူး။ ခွင့်လဲမရဘူး၊ ပေးလည်း မပေးဘူး။ နေထိုင်မကောင်းလို့ ခွင့်ယူရင် လစာမဲ့ ခွင့်ပဲရတယ်။ အလုပ်ကို ဒီပဝါလီနေ့တောင် ပိတ်မပေးဘူး။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံတာဝန်ရှိသူတွေက ကလေးလုပ်သားတွေကို အော်ဟစ် ပြောဆို၊ ပစ္စည်းတွေ ပစ်ပေါက်၊ ထိုးခေါက်တာတွေ လုပ်တဲ့အပြင် အချိန်ပို ည ၁၂ နာရီထိကို ညတိုင်းလိုလို လုပ်ကိုင်ပေးနေရတယ်လို့ ပြောဆို နေရပါသည်။ ဒါ့အပြင် စက်ချုပ်နဲ့ စက်ပြင်လုပ်ငန်းကို အတူထားလို့ ခဲ့တို့၊ အက်ဆစ်တို့ စတဲ့ လုပ်ငန်းတွေက မီးခိုငွေ့တွေနဲ့ အက်ဆစ်အငွေ့တွေက အသက်ရှုဖို့ အခက်အခဲတွေရင် ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

FM (1) အထည်ချုပ်က ရန်ကုန်မြို့၊ သာဓုကန်စက်မှုဇုန်၊ ချယ်ရီ (၃) လမ်၊ စက်မှုလမ်းသွယ်(၂)မှာ ဖွင့်လှစ်ထားပြီး တရုတ် နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ လက်ရှိ လုံခြုံရေးဝတ်စုံ ရောင်ပြန်အထည်တွေ ချုပ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို Dongxin Garment Co, Ltd လိမ်လည်ဖြေရှင်း
May 29, 2026
Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026