NEWS

၄ ရက်တာ နေ့စဉ် နံနက်၆နာရီမှညနေ၅နာရီ အထိဓာတ်အားပိတ်ပြီးလုပ်ငန်းဆောင်ရွက်မည်ဟု YESC ကြေညာ

CoverLogo
381 Views

လျှပ်စစ်ဓာတ်အားပိုလွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန က ၅၀၀ကေဗွီ၊ ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလိုင်းတည်‌ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ဖို့  အတွက် ဇူလိုင်၁၂ရက်မှ၁၅ရက်အထိနေ့စဉ် နံနက်၆နာရီမှညနေ၅နာရီ အထိဓာတ်အားပိတ်ပြီး လုပ်ငန်းဆောင်ရွက်မယ်လိုရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇူလိုင်၁၂ရက်မှာ  အသိပေးထားပါတယ်။

အဆိုပါ တည်‌ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရာ မှာ  မလွတ်ကင်းတဲ့ ၂၃၀ ကေဗွီ မြောင်းတကာ-လှော်ကား၊ မြောင်းတကာ-ဝါးတရာနဲ့ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းတို့  ကို ဇူလိုင်  ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ နေ့စဉ်နံနက် ၆နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားပိတ်ပြီး  လုပ်ငန်းဆောင်ရွက်မှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ၂၃၀ကေဗွီ လှိုင်သာယာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ မြောင်းတကာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ အနောက်ပိုင်းတက္ကသိုလ်ခွဲရုံနှင့် ၂၃၀ ကေဗွီ ကနောင်ပင်မခွဲရုံ များမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဖီဒါများအား ဝန်အားထိန်းညှိဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ရွှေလင်ဗန်း၊ ထန်းတပင်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ကျိုက်ထော်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်းမြိုနယ်  စတဲ့ နေရာအချိုမှာ   ယာယီဓာတ်အားပြတ်တောက်မယ်လို့ သိရပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026