NEWS

၄ ရက်တာ နေ့စဉ် နံနက်၆နာရီမှညနေ၅နာရီ အထိဓာတ်အားပိတ်ပြီးလုပ်ငန်းဆောင်ရွက်မည်ဟု YESC ကြေညာ

CoverLogo
250 Views

လျှပ်စစ်ဓာတ်အားပိုလွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန က ၅၀၀ကေဗွီ၊ ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလိုင်းတည်‌ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ဖို့  အတွက် ဇူလိုင်၁၂ရက်မှ၁၅ရက်အထိနေ့စဉ် နံနက်၆နာရီမှညနေ၅နာရီ အထိဓာတ်အားပိတ်ပြီး လုပ်ငန်းဆောင်ရွက်မယ်လိုရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇူလိုင်၁၂ရက်မှာ  အသိပေးထားပါတယ်။

အဆိုပါ တည်‌ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရာ မှာ  မလွတ်ကင်းတဲ့ ၂၃၀ ကေဗွီ မြောင်းတကာ-လှော်ကား၊ မြောင်းတကာ-ဝါးတရာနဲ့ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းတို့  ကို ဇူလိုင်  ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ နေ့စဉ်နံနက် ၆နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားပိတ်ပြီး  လုပ်ငန်းဆောင်ရွက်မှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ၂၃၀ကေဗွီ လှိုင်သာယာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ မြောင်းတကာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ အနောက်ပိုင်းတက္ကသိုလ်ခွဲရုံနှင့် ၂၃၀ ကေဗွီ ကနောင်ပင်မခွဲရုံ များမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဖီဒါများအား ဝန်အားထိန်းညှိဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ရွှေလင်ဗန်း၊ ထန်းတပင်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ကျိုက်ထော်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်းမြိုနယ်  စတဲ့ နေရာအချိုမှာ   ယာယီဓာတ်အားပြတ်တောက်မယ်လို့ သိရပါတယ်။


Related posts

Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025
Cover
တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာ ၅၀ ကျော် တွေ့ရှိ
Jun 18, 2025
Cover
လိုင်စင်မရသည့် နိုင်ငံခြား ငွေ ဝယ်ရောင်းများအား အရေးယူမည်ဟု ဗဟိုဘဏ်ကြေညာ
Jun 17, 2025
Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025
Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး
Jun 08, 2025